အခန်း (၂၁) ဤကိစ္စ၏နောက်ကွယ်/အခန္း (၂၁) ဤကိစၥ၏ေနာက္ကြယ္

37 9 4
                                    

Unicode

အခန်း (၂၁) ဤအမှု၏နောက်ကွယ်

မစ္စတာကျန်းဆီသို့ ခရီးတစ်တန်သည် အချိန်အတော်ယူပေသည်။ ထို့ကြောင့် လန်ရှင်းချန် ပြန်ရောက်လာသောအခါ ရှေ့နေရုံးတွင် ကျန်ရစ်နေခဲ့သူမှာ ဆုမော့မော့ တစ်ဦးတည်းသာဖြစ်သည်။ သူမသည် အလုပ်နေရာတွင် ငြိမ်ငြိမ်ကလေး ထိုင်နေသည်။ မွန်းလွဲနှောင်းပိုင်းနေရောင်ခြည်သည် ဆုမော့မော့၏ မျက်နှာလေးပေါ်သို့ ဖြာကျနေသည်။ ကျောပေါ်ရှိဆံနွယ်လေးများသည် နားပေါ်သို့ လျှောကျလာသည်ဖြစ်ရာ ပေါ့ပေါ့ပါးပါးလေးပင် နားနောက်သို့ ပြန်သိမ်းလိုက်သည်။

အလျင်စလို ပြန်လာသော လန်ရှင်းချန်သည် ထိုမြင်ကွင်းလေးကို မြင်လိုက်သောအခါ ခေတ္တခဏမျှ ရပ်တန့်သွားသည်။ ထိုအခိုက်အတန့်တွင် ဆုမော့မော့သည် တက္ကသိုလ်စာကြည့်တိုက်တွင် နေရာကူရှာပေးခဲ့ရသောအချိန်က ဆုမော့မော့နှင့် တူပေသည်။ လန်ရှင်းချန် နည်းနည်းလောက် ထပ်မကြည့်ဘဲ မနေနိုင်ပေ။

နောက်ဆုံးတွင် လန်ရှင်းချန်သည် အမူအရာကို ပြန်ထိန်းကာ တန်းတန်းမတ်မတ်လျှောက်သွားလိုက်ပြီး ခေါ်လိုက်သည်။

"မော့မော့"

ဆုမော့မော့ မျက်လုံးဝင့်၍ကြည့်လာသည်။ သူမ လန်ရှင်းချန်ကို မြင်သောအခါ သူမမျက်လုံးများတွင် အပြုံးတို့ ပြည့်နှက်သွားသည်။

"နင် ပြန်လာပြီလား?"

"အင်း ၊ ငါ ဦးလေးရယ် အန်တီရယ် မောင်လေးရယ်ကို သွားကြည့်ခဲ့တယ်။ သူတို့အကုန်လုံးမှာ ကံကောင်းမှုတွေ ရှိကြတယ်။ ဒီတော့ နင် စိတ်ချလက်ချနေလို့ရပြီ။ မနက်ဖြန်ကျ ငါ နောက်တစ်ခေါက် သွားကြည့်လိုက်မယ်။"

"ကျေးဇူးပဲဟာ၊ ဒုက္ခပေးမိပြန်ပြီ"

"လာ အိမ်ပြန်ကြမယ်"

"အင်း!"

ဆုမော့မော့ သူမစားပွဲကို သိမ်းဆည်းရှင်းလင်းလိုက်သည်။ ဖိုတိုကော်ပီများကို နောက်တစ်ကြိမ် အံဆွဲထဲ ထည့်သိမ်းလိုက်သည်။ ထို့နောက် လက်ပ်တော့ပ်ကို အိတ်ထဲထည့်လိုက်သည်။

သူတို့ ရှေ့နေရုံးမှ ထွက်လာကြသောအခါ စကားမပြောဖြစ်ကြသော်လည်း အပြန်အလှန်နားလည်မှုအရ စူပါမားကတ်ဆီသို့ ဦးတည်၍လာခဲ့ကြသည်။ လန်ရှင်းချန်၏ တောင်းဆိုမှုကြောင့် ဆုမော့မော့သည် ဈေးဝယ်တွန်းလှည်းကို တွန်းလာရသည်။

My Wandering Spirit Lady[ဘာသာပြန်]Opowieści tętniące życiem. Odkryj je teraz