အပိုင်း(၁၀၀)၂၁-ရာစု ခေတ်သစ်မက်ဒီစီ-၆

20 2 2
                                    

အပိုင်း(၁၀၀)၂၁ ရာစု ခေတ်သစ် မက်ဒီစီ-၆
Chapter(100)Medici of the 21st Century-6
..................................................................
Translated to MM by AKM(Myingyan)
................................................................
သူ့ရဲ့ ဖိတ်ကြားချက်ကား အတော်လေးကို အံ့အားသင့်စရာ ကောင်းလှပါသည်။သို့ပေမယ့်
ချားဆာချီသည် အနုပညာလောကကိုသာမက ‌ကြော်ငြာ လောကကိုပါ အကြီအကျယ် လွှမ်းမိုးထားနိုင်သူဖြစ်ပါသည်။
သူရဲ့ ထမင်းအတူစားရအောင် ဆိုသောကမ်းလှမ်းချက်ကို ငြင်းလိုက်မည်ဆိုပါက ထူးဆန်းနေပါလိမ့်မည်။

အာ..ဟုတ်ကဲ့..ကျနော့်အတွက် ဂုဏ်ယူစရာပေါ့ခင်ဗျာ..

ဒါဆို..ကျနော့်ဝန်ထမ်းတွေ လာခေါ်ပါလိမ့်မယ်..

ဟုတ်ကဲ့..ဒါဆိုလည်း...

ဟေးဂျင်နှင့် အွန်ဟေးတို့သည် ချားစ်ဆာချီ ရုံးခန်းက ထွက်လာလိုက်သည်။အဲဒိနောက် အွန်ဟေးက
ဟေးဂျင်ကို ပြုံးပြ၍ လက်မထောင်ပြသည်။

အရမ်းမိုက်တယ်.. ရှင် ချားဆာချီနဲ့ ယှဉ်ဆိုင်ပုံက
အရမ်းတည်ငြိမ်တာပဲရှင်..အရင်က ဘယ်ရာဖြတ်ဆရာမှ ရှင့်လို မချည်းကပ်ခဲ့ဖူးဘူးလို့..သူပြောတဲ့စကားကို ရှင်..ကြားတယ်မဟုတ်လား..အဲဒါ
သူ..လူရွေးမှန်သွားပြီလို့ ပြောတာရှင့်..သူ..အဲဒိအတွက် ပိုက်စံတွေ အရမ်းကုန်ပြီးပြီ..ဒါပေမယ့်
ရှင်က ပြဿနာကို ချက်ခြင်းလက်ငင်းကို ဖြေရှင်းပေးခဲ့တာပဲရှင့်..

ဟေးဂျင်သည် နည်းနည်းတော့ ရှက်သွားသည်။
သို့ပေမယ့် သူလည်း ကျေနပ်မိပါသည်။

အာ..ကျနော်က ကိုယ်အလုပ်ကို ကောင်းကောင်း
လုပ်ခဲယုံပါဗျ..

အိုး..ဒါနဲ့ ကျမတို့ ညစာ စားချိန်မရောက်ခင်အထိ
ဘာလုပ်ကြမလဲ..အခုက နေ့လည်စာ စားချိန်တောင် မရောက်သေးတဲ့ဟာကို..

အွန်ဟေးသည် တစ်ခုခုကို မျှော်လင့်နေပုံရပါသည်။
ဟေးဂျင်ကတော့ အဲဒါကိုပဲ သမီးရီးစား ချိန်းတွေ့သလိုမျိုး ထွက်လည်ဖို့ သူ့အလိုလို ဖန်းတီးလာတာပဲလို့ တွေးလိုက်ပြီး နဖူးတွေ့ဒူးတွေ့..ယှဉ်ဆိုင်ရန်ကြိုးစားလိုက်လေသည်။

ကျနော်တို့ ဗြိတိသျှ ပြတိုက်ကို သွားလည်ကြမလား..

သို့ပေမယ့်..အွန်ဟေးက နှုတ်ခမ်းစူကာ မျက်နှာလွှဲသွားသည်။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now