Erroneous Love

19.3K 654 10
                                    

"မာမီ သား ရေခဲမုန့်စားချင်တယ် "

သုမာန်ဆုပ်ကိုင်ထားတဲ့ နက္ခ၏ လက်ဖဝါး
သေးသေးလေးမှာလှုပ်ခတ်လို့ ရေခဲမုန့်ဆိုင်အား ညွှန်ပြရင်းတောင်းဆိုလာသည်။

"သားလေးရယ် မာမီအိမ်ရောက်ရင်ကျွေး
မယ်လေ အခုက အချိန်သိပ်မရှိဘူးသားရဲ့"

"မရဘူး အခုစားမှာ အခုဆိုအခုပဲ ဒယ်ဒီ့ကို ဖုန်းဆက်ပြီးပြောမယ်"

ထစ်ခနဲရှိ အဖေဖြစ်သူကို ဖုန်းဆက်မယ်ချည်းပြောတတ်တဲ့အကျင့်လေးဟာ စကားစပြောတတ်စတည်းကပင်။

"ကဲ...ကဲ ဒယ်ဒီ့ကိုတော့ ဖုန်းမဆက်နဲ့
ဒယ်ဒီက အလုပ်ရှုပ်နေတယ် မာမီဝယ်ကျွေးမယ် ဟုတ်ပြီလား "

သူစားချင်တာစားရတော့မယ့် နက္ခ က
ရယ်သံသေးသေးလေးထွက်လို့ သုမာန် ၏လက်ကိုဆွဲကာ ရေခဲမုန့်ဆိုင်ထဲပြေးဝင်သွားသည်။

"ဘာအရသာနဲ့ ယူမလည်းရှင့်"

"သား ဘယ်အရောင်လေးယူမလဲ "

နက္ခ က ရေခဲသေတ္တာအားမမှီတမှီဖြင့် ခြေဖျား ထောက်ကြည့်ရင်း သူအကြိုက်ဆုံးအရောင်လေးအား ရွေးချယ်လိုက်သည်။

"အနီရောင်လေးယူမယ်"

"ရော့...ရပါပြီရှင့် ခဏနော် သားမာန်လေး
ဖုန်းလာလို့ ဒီမှာပဲနေနော် မာမီဖုန်းခဏပြောအုံးမယ် "

"ဟုတ် မာမီ "

လက်ထဲကရေခဲမုန့်လေးကိုသဘောတကျ
အရင်ကြည့်ပြီးမှ ဇွန်းလေးဖြင့်ကော်စား
နေသည် ။ ထိုစဉ်သူ့အနားရောက်လာ
သည့် ဘောလုံးနီနီလေးကြောင့် လက်ထဲက ရေခဲမုန့်ကိုပင် အာရုံမစိုက်နိုင်တော့။
ဘောလုံးလေးလှိမ့်သွားရာကိုသာ ပြေးလိုက်သွားလေသည်။

"ဘောလုံးလေး ဘောလုံးလေး ဘောလုံး
ခဏလေးနေပါအုံးလို့ "

"ဟိတ်...ကလေးမပြေးနဲ့ ဟိုမှာ ကားလာ
နေတယ် "

အဘိုးအိုတစ်ယောက်၏အော်သံကြောင့်
သုမာန်ဖုန်းပြောရင်းမှ သားလေးကိုသတိရ
သွားကာကြည့်မိတော့သူ့အနားမရှိတော့
သဖြင့်ထိပ်ပြာသွားရ၏။

"ကျွန်မသားလေးရော "

"သားမာန်!!"

ယက္ခကတော့ ခပ်လှမ်းလှမ်းကနေ
သုမာန်တို့သားမိအား လှမ်းကြည့်နေတုန်း ကလေးတစ်ယောက်လုံး အနားကပြေးသွားတာကိုသတိမထားမိရတဲ့မိန်းမအား ခပ်ပေပေကြည့်မိစဉ် လမ်းမပေါ်ရောက်သွားတဲ့ကလေးကြောင့်အပြေးသွားမိ
သည် ။ ကားရှေ့တည့်တည့်တိုးနေသည့်
နက္ခလေးအား လက်မောင်းရင်းမှဆွဲယူလိုက်ပြီး ဘေးကင်းရာသို့ ပို့လိုက်နိုင်သော်လည်း ရှပ်တိုက်သွားသည့်ကားကြောင့် သူဟာမြေပြင်ထက်လှိမ့်ကျသွားသည်။

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Donde viven las historias. Descúbrelo ahora