မိုးလင်းထဲက ထွက်သွားလိုက်တာ မိုးချူပ်လို့ ထမင်းစားချိန်တောင်ကျော်မှ ပြန်ရောက်လာတဲ့ နစ္စ၏ပုံစံကြောင့် သုမာန် စိုးထိတ်သွားသည်။ အိမ်ထဲဝင်လာပြီးထုံးစံအတိုင်း အပေါ်ထပ်ကိုသာ တန်းတက်ရန်ပြင်နေသည့် နစ္စအနား အပြေးသွားပြီး
"ကို...ဘာဖြစ်လာတာလဲ "
မျက်ခုံးစွန်းမှာ plaster ကပ်ထားသည့်
အပြင် မေးဖျားမှာလည်း ညိုမဲရာတစ်ခုနှင့် တစ်ခါဖူးမှ မမြင်ဖူးပါသော ထိုပုံစံကြောင့် သုမာန် အမှန်တကယ်စိုးရိမ်မိသည်။ Uniမှာထဲက ရွိုင်းကိုသိကျွမ်းခဲ့ပြီး အခုဆိုအိမ်ထောင်သက်(၅)နှစ်တောင်ရှိခဲ့ပြီ။ နစ္စ က သူတစ်ပါးနဲ့ ခိုက်ရန်ဖြစ်ပွားမှုမျိုးကို မျက်မြင်မပြောနှင့် သတင်းသဲ့သဲ့တောင်မကြားဖူးခဲ့ပေ။ အခုဘယ်လိုကိစ္စမျိုးကြောင့်ဒီလိုအထိဖြစ်လာရတာလဲ။ အဝတ်စားတွေကလည်း မနက်ကအိမ်ကနေ ဝတ်သွားတာနဲ့မတူ ပုဆိုးနဲ့ရှပ်တစ်ရှပ်ကို ဝတ်ဆင်ထားသည်။ အခုလဲ သူမ၏ အမေးကိုမဖြေဘဲ အနည်းငယ်ဖွာနေသောဆံပင်များကို အရင်သပ်တင်နေသည်။"ကို...ဖြေလေ "
"ရန်ဖြစ်လာတာ "
"ဘယ်လို..."
"ဟုတ်တယ် ရန်ဖြစ်လာတာ ဘာမှသိပ်မထိခိုက်ပါဘူး "
"ကိုရယ်...ဘယ်သူတွေနဲ့ဖြစ်တာလဲဘယ်လို ဖြစ်ကြတာလဲ "
နစ္စလှေကားပေါ်တက်သွားသည့်ကြောင့်
သုမာန် မှာလည်း အနောက်ကလိုက်ရင်း
မေးမြန်းရသည်။"ဒီတိုင်းပါ ကလေးတွေနဲ့ဖြစ်တာ အရေးမကြီးပါဘူး မာန် "
"အရေးမကြီးစရာလား ကလေးတွေနဲ့ဖြစ်ရအောင် ရွိုင်းက ကလေးလေးမဟုတ်ဘူးနော်"
"ကို့ အသိကောင်လေးနဲ့ဖြစ်လို့ မနေနိုင်လို့
ဝင်ပါမိတာ ""ဘာပြောတယ်...ရွိုင်းက တစ်ပါးသူ ကိစ္စကို ဘယ်တုန်းက စိတ်ဝင်စားဖူးလို့လဲ "
သုမာန်ရဲ့အသံဟာအနည်းငယ်ကျယ်သွား
သဖြင့် နစ္စ က မျက်ခုံးပင့်ကာ လှည့်ကြည့်
လာသည်။ သုမာန်၏အတွေးထဲတွင်တော့
သူ့အမေးကဘာများမှားသွားလည်း တွက်ဆကြည့်သည်။ မိသားစုအရေးကိုတောင်ကွက်ကြားမိုးရွာပြီး စိတ်ဝင်စားတဲ့ယောက်ျားက သူစိမ်းဘက်ကမခံနိုင်လို့တဲ့
လေ။ ဒီတော့ သူမ အမေးထဲမှာမှားယွင်းမှုတစ်စုံတစ်ရာ မပါဝင်တာအသေချာပဲ။
YOU ARE READING
Romance(Unicode) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာန်သဒ္ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မှုမရှိဘဲ သူ့အနားမှာ တစ်သက်လုံး နေပါရစေ။ (Zawgyi) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာနျသဒ်ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မ...