နစ္စရဲ့အကြည့်များဟာ ပွင့်ဟနေတဲ့
သူ၏ အလုပ်အခန်းတံခါးဆီသို့
ရောက်သွားချိန် မျက်ခုံးတန်းများဟာ
အလိုလိုစုကျုံ့လာပြီး မှိုင်းညို့နေသော
မျက်ဝန်းများကလည်း ပို၍ညို့မှိုင်း
တက်လာသည်။ သူရဲ့ခြေလှမ်းများ
ကို ပွင့်ဟနေတဲ့အခန်းဆီ ဦးတည်
လိုက်ပေမယ့် နဂိုမှခြေသံမြည်အောင်
မလျှောက်တတ်တဲ့သူ့ကြောင့် အထဲမှာ
ရှိနေတဲ့လူကတော့ သတိကြီးကြီးထား
နေလည်း သူရောက်နေပြီ ဖြစ်ကြောင်း
ကို သတိမထားမိပေ။အခန်းဝမှာရပ်နေရင်း အထဲမှာရှိနေ
တဲ့ သုမာန်က သူ့ရဲ့လပ်တော့ကို
ယူကြည့်နေသည့် မြင်ကွင်းကို ခေတ္တ
မျှ ရပ်ကြည့်ပြီး ခေါင်းခါရမ်းလျက်
ပြုံးလိုက်မိ၏။ တံခါးကို သူ့တစ်ကိုယ်
ဝင်စာမျှ ဖြေးညှင်းစွာ ဖွင့်လိုက်ပြီး
အထဲသို့ဝင်သွားကာ လပ်တော့ပ်ပေါ်လှုပ်ရှားနေသည့် သုမာန်၏လက်ချောင်းများကိုဖယ်ရှားလိုက်သည်။ အလန့်
တကြားနှင့် သူ့ကို မော့ကြည့်လာ
သည်ကို မျက်လုံးထောင့်မှ မြင်နေ
ရပေမယ့် သိသာစွာ လျစ်လျူရှုလိုက်
ပြီး screen ပေါ်မှ fiel တစ်ခုအား ရွေးချယ်လို့ နှိပ်လိုက်သည်။"မာန်"
ထိပ်ထိပ်ပြာပြာနှင့် သူ့ကိုကြည့်နေ
သော မာန့်ကို လှည့်ကြည့်လိုက်ပြီး
လပ်တော့ပ် screen အား မျက်စဖြင့်
ဟန်ပါပါပြလိုက်သည်။"မင်းကြည့်နေတဲ့ဖိုင်ထက် ဒီဖိုင်က
မင်းလိုချင်တဲ့အချက်လက်တွေ ပိုစုံ
တယ်။ မင်းဆွဲချတိုင်း ဟိုးအောက်ကို
ထိုးဆင်းသွားရအောင် ရွိုင်းနစ္စရန် ကလွယ်လွယ်နဲ့ ဒီနေရာကိုရောက်လာ
တာ မဟုတ်ဘူး"သူ့စကားကြောင့် သုမာန်၏မျက်စံ
များဟာ လှုပ်ခတ်သွားပြီး ခြေနှစ်
လှမ်းနောက်ဆုတ်လျက် ကျောခိုင်းလို့
အခန်းထဲမှ ထွက်သွားလေသည်။
နစ္စလည်း သက်ပြင်းရှိုက်ရင်းသာ
စိတ်ရှုပ်စွာဖြင့် သူ့ဆံပင်တွေကိုသူ
လှန်သပ်မိသည်။သုမာန်ကတော့ အခန်းပြင်ရောက်
သည်နှင့် တောက်ခတ်ရင်းလက်သီး
ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိ
သည်။ မခံမရပ်ဖြစ်နေသည့်စိတ်
ကြောင့် မျက်လုံးအိမ်မှာနေရာယူလာ
သည့် မျက်ရည်စများကို သူမ ပါးပြင်
ထက် အရှုံးတစ်ခုလို စီးကျမလာ
အောင် ထိန်းချုပ်ထားလေသည်။
![](https://img.wattpad.com/cover/314700493-288-k524756.jpg)
YOU ARE READING
Romance(Unicode) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာန်သဒ္ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မှုမရှိဘဲ သူ့အနားမှာ တစ်သက်လုံး နေပါရစေ။ (Zawgyi) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာနျသဒ်ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မ...