"ချည်နှောင်ခွင့်ပြုပါ"
"ချည်နှောင်ပစ်လိုက် မင်းမချည်နှောင်
ခင်ထဲက ကိုယ်က ထွက်မပြေးတတ်
ခဲ့ပါဘူး"Church ထဲရောက်သည်နှင့်လက်
မောင်းကို ချိတ်ဆွဲကာပြောလာသည့်
စကားကြောင့် နစ္စလည်း သူဟာ
ထွက်မပြေးတတ်ခဲ့သူဖြစ်ကြောင်း
ဖွင့်ဟဝန်လိုက်သည်။ အချည်နှောင်ခံ
ခြင်းနှင့် ထွက်မပြေးတတ်ခြင်းကို
ဒီကောင်လေး အခုထက်ထိနားမလည်
သေးဘူးဘဲ။ လက်မောင်းတွင် နဖူး
အပ်ကာ ခပ်တိုးတိုးရယ်နေတဲ့ကောင်
လေးက တကယ်ကို အချစ်ရူးလေးနှင့်
တူလှသည်။ မျှမ်းလို ကောင်ဆိုးလေး
က သူ့အပေါ်မှာ ထိုမျှလောက်ထိ ချစ်တတ်လိမ့်မည်လို့ မထင်ခဲ့ရိုးအမှန်ပါ။ ကိုယ်သိပ်ချစ်ရတဲ့လူက ကိုယ်နဲ့ထပ်တူပြန်ချစ်ပေးပြီးဖြစ်တည်နေတဲ့ ဘဝကိုပါနားလည်ပေးခြင်းက အမှန်တကယ်
ပီတိဖြစ်စရာ ကောင်းလှသည်။"ကျွန်တော်ချည်နှောင်မယ့် ကြိုးမျှင်
ပါးပါးလေးက ခင်ဗျားရုန်းလေနစ်လေ
ဖြစ်မှာနော်""မင်းဆိုတဲ့ချည်တိုင်မှာ အချစ်ဆိုတဲ့
ကြိုးကွင်းကို စွပ်ပြီးဒီလူကရှိနေမယ်
ဘယ်တော့မှထွက်မပြေးဘူး"နစ္စ အပြောကိုသဘောကျသွားတဲ့
မျှမ်းက ဖယောင်းတိုင်ထွန်းနေသည့်
လူတစ်ချို့ရှိနေသည်ကိုပင် ဂရုမစိုက်
လက်နှစ်ဖက်ကို ဆန့်တန်းပြီး နစ္စ၏
လည်တိုင်ကို ချိတ်ဆွဲလို့ဖက်ပစ်၏။
သူ့ထက် ခေါင်းတစ်လုံးစာမျှ အရပ်
ပိုရှည်သော နစ္စ ကတော့ အလိုက်သင့်
ကိုယ်ကိုညွှန့်လို့ အဖက်ခံလာ၏။"တစ်ခါတလေကျရင် ဘဝတစ်ခု
လုံးကို ခင်ဗျားဆီပုံအပ်ပြီး စုံလုံးကန်းပစ်လိုက်ချင်တယ်""အမြဲတမ်းအတွက် ကိုယ်ကရှိနေမယ်
မျှမ်း သာ ကိုယ့်ကိုမထားခဲ့နဲ့"အခြားသော ဝတ်ပြုသူတစ်ယောက်စ
နှစ်ယောက်စမှာ သူတို့နှစ်ယောက်ကို
မျက်စိနှောက်သွားသည်နှင့်တူပါရဲ့။
အလျိုလျို ထွက်သွားကြလေသည်။မျှမ်းက ယဇ်ပလ္လင်ရှိလက်ဝါးကပ်တိုင်
မှ ခရစ်တော်၏ရုပ်ထုကိုကြည့်ရင်း
သူဆုပ်ကိုင်ထားရာ နစ္စ၏လက်ကို
အသာလွှတ်လိုက်သည်။
VOUS LISEZ
Roman d'amour(Unicode) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာန်သဒ္ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မှုမရှိဘဲ သူ့အနားမှာ တစ်သက်လုံး နေပါရစေ။ (Zawgyi) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာနျသဒ်ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မ...