Part...23

4.6K 222 10
                                    

မျှမ်း ဖျော်စပ်ပေးသည့် cocktail
သည်နစ္စ အတွက်အကောင်းဆုံးသော အရသာနဲ့ ယစ်မူးမှုကိုပေးစွမ်းသည်
ကြောင့် သတိလက်လွှတ်နှင့်
bartender ကောင်လေးကမ်းပေး
သမျှ ခွက်များကိုသောက်နေမိရာ
သူ့အမြင်အာရုံများ ရီဝေဝေဖြစ်လာ
​တော့မှ ရပ်တန့်ဖို့ အသိဝင်တော့သည်။
မျှမ်းကလည်း တားဖို့မဆိုနှင့်မတူညီ
တဲ့ ခပ်ပြင်းပြင်းအရသာတွေကို
မတူအောင်ဖျော်စပ်ပေးနေလိုက်တာ
များ သူ့ကိုခေါင်းမထောင်အောင်မူးစေ
ဖို့များ ရည်ရွယ်နေသလားအောက်မေ့
ရသည်။ နစ္စ သူ့အရှေ့က ကောင်လေး
ကို မျက်လုံးလှန်ကြည့်မိတော့ မျက်ခုံး
အစုံကို ပင့်ပြလာပြီး ခပ်မဲ့မဲ့အပြုံးလေး
ဖြင့် မေးဆတ်ပြလာပုံမှာ သူ့ကို'ဘယ်
လိုမူးနေပြီလား'ဟု အသံတိတ်မေးနေ
သဖွယ်။ နောက်ထပ် အရသာတစ်မျိုးကို အချိုးကျကျရောစပ်နေပြီး shake လုပ်နေပုံမှာ shaker ကို ​လေဟာနယ်ထဲမြှောက်လိုက် ပြန်ဖမ်းလိုက်နှင့် bartender တစ်ယောက်၏ pro
ကျကျလှုပ်ရှားပုံများကို ထုတ်ဖော်ပြ
သည်။ တဝိုးဝိုးတဝါးဝါးဖြင့် အော်နေ
ကြသည့် မိန်းကလေးများ၏အသံမှာ
နစ္စ ၏ နားထဲသို့ ကန့်လန့်ဆန်စွာဝင်
ရောက်လာသည်။ မျှမ်းကလက်ချောင်း
လေးတစ်ချောင်း လှုပ်လိုက်ရင်တောင်
အော်နေတာ သိပ်ကိုအမြင်မကြည်စရာ
ကောင်းလှသည်။ မျှမ်းကလည်း ခပ်ပြုံးပြုံးနှင့် တော်တော်မှသဘောခွေ့နေပုံရသည်။

နစ္စ လည်း barcounter မှာထထွက်
လာပြီး သန့်စင်ခန်းဘက်သို့ဦးတည်
လိုက်၏။ သန့်စင်ခန်းအ​ရှေ့တွင်
လွှမ်းမိုးဟန် ဆိုသည့်ကောင်လေးနှင့်
တည့်တည့်ဆုံတာကြောင့် အခြားဘာမှ
တွေးမနေဘဲ သူ့ကိုကြောင်ကြည့်နေတဲ့
ကောင်လေးရဲ့ ပခုံးဖြင့်ဝင်တိုင်ပစ်
လိုက်သည်။ သူ့ထက်အဆပေါင်းများ
စွာ အကောင်သေးသည့်ကောင်လေးမှာ
ယိုင်နဲ့သွားသည့် ခန္ဓာကြောင့် ​ပြုတ်မကျ
အောင် နံရံအား အားပြုကိုင်ထားလိုက်
ရကြောင်း မြင်သည့်တိုင် အားနာစိတ်အနည်းငယ်တောင်မဝင်မိ။
ကလေးဆန်တယ်ပဲဆိုဆို သူမှ ဟန်
မဆောင်တတ်ပဲ။အဲ့ဒီသေးသေးကွေး
ကွေးနဲ့ကောင်လေးကို အမြင်ကြည်လို့
မရပေ။လုပ်ငန်းပေါင်းများစွာကိုဦးစီးနေတဲ့ ရွိုင်းနစ္စရန် က ကလေး တစ်ယောက်ကိုတောင် သဘောထား ကြီးကြီးနဲ့ကျော်သွားဖို့ မတွေးနိုင်တော့သည်အထိ မျှမ်း နဲ့ ပတ်သက်ရင်အထိန်းအကွပ်မဲ့ကုန်၏။

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now