Part...18

4.8K 244 16
                                    

ခေါင်းပေါ်မှလျောကျပြီး မျက်နှာပေါ်အုပ်နေတဲ့ တဘတ်ကြား ပုန်းကွယ်လို့ ရှက်နေ
သည့် သူ့ကိုယ်သူ ယက္ခသတိပြု မိပြီးထိုင်
နေရာမှဆတ်ခနဲ ထရပ်လိုက်သည်။

ဘာရှက်စရာရှိလဲ။ယောက်ျားချင်းတွေပဲလေ။မင်းလျှောက်တွေးမနေနဲ့ ။ နဂိုမှအဲ့လူကြီးကနေစရာနေရာမရှိအောင် ရှက်နေတာ။မင်းလုပ်မှ ငေါက်ခနဲသေသွားအုံးမယ်။ မသိချင်ယောင်ဆောင်ရမယ်။ဟုတ်တယ်။ အဲ့ဒီ လူကြီးအဝတ်တွေကိုအမြန်ခြောက်သွားအောင် လုပ်ပေးရမယ်။

"ဟူး "

ယက္ခ လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး
အခန်းအပြင်သို့ မူမပျက်ထွက်လာသည်။

"ထိုင်နှင့်နော် "

သေချာတယ် သူ့အသံမှာ ရယ်သံနှောသွား
ပြီ ။ ပို၍ငုံ့လျိုးသွားတဲ့ ဦးနစ္စရဲ့ မျက်နှာက
သူ့ဘက်လုံးလုံးမျှ လှည့်မလာသလို
အသံအားဖြင့်လည်း တုံပြန်မလာပေ။
သူလည်းအစက ရယ်လိုက်မိဖို့မတွေးမိပါဘူး။ အဲ့ဒီလူကြီးရဲ့ ပုံစံကတကယ်ကို ရယ်စရာကောင်းနေလို့ မထိန်းနိုင်ဖြစ်သွားတာ။ ဆိုဖာရဲ့ထောင့်စွန်းမှာကပ်ထိုင်ပြီး
ကိုယ်ကိုကျုံ့ထားရုံမျှအားမရ လက်နှစ်ဖက်ကိုလည်း အတင်းကြီးဆုပ်ထားပြန်၏။ ပုဆိုး နဲ့ ထိုသို့ထိုင်နေပုံကိုကြည့်ပြီး ဘယ်သူက မရယ်ဘဲနေနိုင်မှာတဲ့လဲ ။
နဂို ဖြူ တဲ့အသားရည်က မိုးရေနဲ့အချိန်
အကြာထိတွေ့ထား၍ ဖြူ စပ်စပ်ဖြစ်နေတာကြောင့် ရဲတွတ်နေတဲ့နားရွက်ဖျားတွေဟာအထင်းသား ။ သူက ကိုယ့်ထက်တောင်ပိုပြီးရှက်နေသေး ။

အိမ်အနောက်သို့ ယက္ခလစ်ခနဲဝင်သွား
ပြီး အဝတ်အခြောက်ခံစက်ကို ဂိတ်ဆုံးမြှင့်ရင်း အိမ်အရှေ့သို့ထပ်မသွားတော့ဘဲ
အဝတ်များခြောက်သည်အထိ စောင့်နေ
လိုက်သည်။ သိပ်မကြာလိုက်အချက်ပေး
သံကြားလိုက်တာကြောင့် အဝတ်များကို
ထုတ်ယူလိုက်ပြီး...

"ဦးနစ္စ "

အသံမပေး။

"ငုတ်တုတ်မေ့နေပြီလားခင်ဗျား "

"ဒီမှာအဝတ်တွေခြောက်ပြီ လာလဲလိုက်
ဟိုတစ်လောကရန်ဖြစ်တုန်းက ကျန်ခဲ့တဲ့
ခင်ဗျားရဲ့အဝတ်တွေလည်းရှိသေးတယ်
အဲ့တာပဲ ပြန်ဝတ်လိုက် အခုအဝတ်တွေက
နည်းနည်းစိုထိုင်းထိုင်းဖြစ်သလားလို့ "

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Onde histórias criam vida. Descubra agora