Part...21

4.5K 215 17
                                    

ညကအတွေးပေါင်းများစွာဖြင့် အိပ်ယာဝင်ခဲ့ခြင်းကြောင့် မနက် အိပ်ယာထခြင်းဟာ မကြည်လင်မှုများစွာနှင့် အိပ်မှုန်စုန်ဖွားဖြစ်နေသော ယက္ခ မှာ ကုတင်ထက်ငုတ်တုတ်ထိုင်ရင်း ပွယောင်းနေသောဆံစများကို စိတ်မပါစွာသပ်တင်လို့ နဖူးထက်မှလှန်ကာ စည်းနှောင်နေသည် ။ စားပွဲပေါ်မှ
sms ဝင်ကြောင်းအချက်ပြနေတဲ့ဖုန်းကြောင့် လေးကန်စွာ ယူကြည့်လိုက်၏။

အလုပ်ကပဲနေမှာပေါ့။သေချာတယ်အလုပ်ချိန်ကျော်မှ နိုးလာတဲ့သူက ဒီနေ့တော့ car spa ကိုမသွားနိုင်။အလုပ်ပျက်ချေပြီ။.ဒါတွေအားလုံးရဲ့ တရားခံက အိပ်စက်ချိန်အထိ အတွေးမှာပါ လိုက်
အနှောက်ယှက်ပေးတဲ့ ဦးနစ္စကြောင့်ပဲ ။ အိပ်မက်ထဲထိ ဦးနစ္စ အားအဖြေတောင်းလို့ မဆုံးသေးသည့် သူ့ကိုယ်သူလည်း ထုရိုက်ချင်ပါသည်။
အခုမှ ချစ်သူဆိုတဲ့ခေါင်းစဉ်လေးရောက်
တာ တစ်ရက်ပဲရှိသေး မျောက်မီးခဲရသလို
ဖြစ်နေတာ ဘယ်သူမှမသိရင်တောင်
ကိုယ့်ကိုယ်ကို သိနေတာကြောင့် ယက္ခ
ရှက်မိသည်။

ပူတက်လာသည့်ပါးပြင်ကို လက်ချောင်း
များဖြင့် တို့ထိရင်းအပြစ်မဲ့တဲ့ဖုန်းလေးအား ဆောင့်အောင့်လို့ ဖွင့်ကြည့်လိုက်သည်။

"ကိုယ်မင်းအိမ်ရှေ့မှာရောက်နေတယ်"

ဦးစွာမြင်လိုက်ရသည့် စာတစ်စောင်ကြောင့်ယက္ခ၏ ပျင်းရိလေးကန်နေသော ခန္ဓာဟာချက်ချင်းမတ်သွားပြီး မှေးစဉ်းနေသောမျက်လုံးများကလည်းဝိုင်းဆက်သွားသည်။ အချိန်ကိုကြည့်လိုက်တော့ (၈)နာရီအတိမှာ ပို့ထားခြင်းဖြစ်ပြီး အခုသူမြင်လိုက်ချိန်က ၉ နာရီ ၁၅ မိနစ်ဆိုတော့ ကြာချိန် (၁)နာရီကျော်တောင်ရှိလေပြီ။

လစ်ခနဲကုတင်ပေါ်မှ ခုန်ဆင်းကာအိမ်ရှေ့
ဝံရံတာသို့ အပြေးသွားပြီး တိုက်အောက်
ငုံကြည့်မိတော့ မည်သူမှ ရှိမနေ။

"ကိုယ်ကဒီမှာ "

"အမလေး "

"ခင်ဗျား! "

ဟုတ်သားပဲ။အဲ့ဒီလူကြီးကတိုက်အောက်
မှာ စောင့်နေတတ်တာမျိုးမဟုတ်ဘဲ
အခန်းဝ လှေကားခွင်မှာ မညောင်းတမ်း
ထိုင်စောင့်တတ်တဲ့လူမျိုးပဲလေ။

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now