Part...14

5.3K 258 11
                                    

"မျှမ်း "

မျှမ်းနဖူးမှ ဖြာခနဲထွက်လာသည့် သွေးများကြောင့် နစ္စမျက်လုံးများပြာဝေသွားသည်။ ဒူးထောက်လျက်သား ပြုတ်ကျသွားတဲ့ကောင်လေးအနားပြေးသွားမည်အလုပ် ဘယ်ကမှန်းမသိတဲ့ကောင် တစ်ကောင်မှာသူ့ကိုခုန်ထိုးလာသည်ကြောင့်
နစ္စ ၏မေးရိုးကိုရှပ်ထိသွားသည်။ဘယ်သူဘယ်ဝါမှန်း မသိတဲ့ကောင်ရဲ့မျက်နှာကိုတည်ထိုးလိုက်တော့ ထိုကောင့်ပါးစပ်မှထွက်လာသောသွေးများဟာ နစ္စ ရဲ့ ရှပ်အဖြူ လေးသို့ပေကျံသွားသည်။
ပြန်ကုန်းထလာတဲ့ မျှမ်းအား အနောက်မှကန်ကြောက်လိုက်သဖြင့်ရှေ့သို့ယိုင်ကျလာရာ နစ္စ လျှင်မြန်စွာပွေ့ယူလိုက်သည်။

မျှမ်းကို ပွေ့ယူထားစဉ် သူ့မျက်ခုံးစွန်း
အား လာရောက်ရိုက်ခတ်သော တုတ်ကိုပင်ဂရုမစိုက်နိုင်။ သူ့မျက်ခုံးမှသွေးများဟာမျှမ်းမျက်နှာပေါ်သို့ ကျဆင်းသွားသဖြင့် မျှမ်းလက်ထဲမှ စပရိန်တုတ်ကိုယူကာ မာန်ထောင်နေတဲ့ကောင်ရဲ့ ခေါင်းတည့်တည့်ကိုရိုက်ချလိုက်သည်။

"ဟျောင့်တွေ...ရပ်ကွက်လူကြီးတွေလာ
နေပြီ လစ်တော့ "

အသီးသီးပြေးသွားကြသောလူများကြောင့်တောက်ခတ်မိစဉ် သူပွေ့ထားတဲ့
မျှမ်းမှာ

"ပြေးလေ ခင်ဗျားရဲ့ ကျွန်တော်ကိုထားခဲ့"

"ခင်ဗျား ရဲစခန်းရောက်လို့ မဖြစ်ဘူး "

"မင်းရူးနေလား ငါက မင်းကိုထားခဲ့စရာလား"

ဟိန်းထွက်နေအောင်အော်ပြီး သူ့ကိုပွေ့ချီ
လိုက်တဲ့ ဦနစ္စကြောင့် ယက္ခ ရယ်သည်။
ဒီလူဘယ်လောက်တောင်ဒေါသထွက်နေ
လို့ ဒီလောက်အသံကျယ်နေရတာလဲ။
ပုံမှန်ဆိုဒီလူကြီးရဲ့စကားသံကြားဖို့အတော်လေး နားစွင့်ယူရသည်လေ။

"ဒီထဲဝင်ပုန်းလိုက်မယ် "

နှုတ်ကလည်းပြောရင်း ပန်းခြံသေးသေးရှိ
ကလေးစီးလျှောရဲ့အိမ်ထဲ မျှမ်း ကိုအရင်
ထည့်ပြီး နစ္စ ပါလိုက်ဝင်သည်။
ယောက်ျားသားဖြစ်တဲ့သူတို့နှစ်ယောက်အဖို့ထိုလျှောအိမ်လေးဟာ ကျဉ်းလွန်းပါ၏။ အပြင်ကမမြင်နိုင်တဲ့အပြင်ဒီထဲဝင်ပုံးနေ မယ်လို့ဘယ်သူမှခန့်မှန်းနိုင်မည့်အနေထားမဟုတ်တာကြောင့် ယက္ခပြုံးလိုက်သည်။

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Tempat cerita menjadi hidup. Temukan sekarang