ယောက်ျားနှစ်ယောက်ကြားမှာ
ဖြစ်ပေါ်လာတဲ့ မေတ္တာတရားကလည်း
ဘယ်လိုပဲ လူ့ဘောင်ကျင့်ဝတ်ကို
ဆန့်ကျင်နေပါစေ...ချစ်ခြင်းမေတ္တာ
တော့ မည်ထိုက်တယ်မဟုတ်လား။ခင်ဗျားနဲ့ စပ်တဲ့ကျွန်တော့်ရဲ့ကံတရား
က မုန်တိုင်းတစ်ခုနဲ့တူတယ်။
ကြမ်းတမ်းတယ်။သည်းထန်တယ်။ ကသောင်းကနင်းနဲ့ အပြိုအပျက်တွေ
ဖြစ်စေတယ်။ နောက်ဆုံးမှာတော့
မုန်တိုင်းပြီးလို့ တိုက်ခတ်လာတဲ့
လေပြေအေးကို ကျွန်တော့်ကိုခံစား
စေတယ်။တစ်နေကုန် စက်ဘီးတစ်စီးနဲ့လျှောက်
သွားခဲ့ကြပြီး မိုးမှောင်မှာသာ ခြံရှေ့
ပြန်ရောက်လာခဲ့ကြသည်။
မျှမ်းက အိမ်ထဲဝင်ရင်း သူ့လက်ကို
ဆုပ်ကိုင်ထားဆဲဖြစ်သည့် နစ္စရဲ့
လက်ဖဖိုးကို ငုံ့ကြည့်ရင်းပြုံးနေ၏။
နစ္စကလည်း ခေါင်းငုံ့လို့ပြုံးနေသည့်
သူ့ဘေး က ကောင်လေးရဲ့ ထင်းနေတဲ့
smile line ကို သဘောတကျကြည့်
နေလေသည်။
တစ်ယောက်ဘဝထဲမှာ တစ်ယောက်
ရှိနေဖို့ ဆုံးဖြတ်ပြီးချိန်မှာတော့
တွဲလက်တွေမြဲအောင် ကြိုးစားရမည့်
ထပ်လောင်းတာဝန်ကိုကျေပွန်ဖို့
သူတို့နှစ်ဦးသား စိတ်ကူးအတူ
ယှဥ်မိနေကြသည်သာဖြစ်၏။"မျှမ်း"
"ရေသောက်အုံး"
မီးဖိုးခန်းရောက်တော့ ရေခွက်ကမ်း
ပေးလာတော့ မျှမ်းကယူသောက်
လိုက်ပြီး ထိုလူ့အတွက်လည်းရေငှဲ့
ထည့်ပေးလို့ ပြန်လှည်ကမ်းပေးလိုက်
သည်။ ပြီးနောက် ဗိုက်ဆာသလိုဖြစ်
လာတာအောင် မနက်ကကျန်တဲ့
ပြောင်းကရေကရာကို ယူကာကောက်
ဝါးလိုက်တော့ နစ္စက တားဆီးလာသည်။"အကျန်တွေ လျှောက်မစားရဘူးလေ
ရင်ပြည့်မှာပေါ့...ဗိုက်ဆာလို့လား
ကိုယ်တစ်ခုခုလုပ်ပေးမယ်လေ""မဆာသေးပါဘူး တနေကုန်လျှောက်
သွားထားတာ အဝတ်အရင်လဲကြမယ်""အင်း"
သူတို့အတူအခန်းထဲဝင်လာကြပြီး
မျှမ်းက နစ္စအတွက်ပါ အဝတ်ထုတ်
ပေးသည်။ ရှမ်းပြည်တောင်ပိုင်း
ကလောမြို့ရဲ့ အအေးဆုံးအချိနိကိုမှ
သူတို့ ရောက်နေကြ၍ ခပ်ကြီးကြီး
စွယ်တာကတော့ မပါမဖြစ်ပေါ့။
DU LIEST GERADE
Romantik(Unicode) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာန်သဒ္ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မှုမရှိဘဲ သူ့အနားမှာ တစ်သက်လုံး နေပါရစေ။ (Zawgyi) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာနျသဒ်ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မ...