ဦးနစ္စ က သူဘဝရဲ့ဒုက္ခအိုးလေး
ဆိုပေမယ့် မျက်လုံးစုံမှိတ်ပြီး ယုံလို့
ရပါသေးတယ်လေ။ ထို့ကြောင့်သူ့ကို
မခံချိမခံသာဖြစ်ကာ အထက်စီးဆန်
စွာ ကြည့်နေသောမိန်းမကို ကြည့်ပြီး
စကားတစ်ခွန်းဆိုလိုက်သည်။"ချစ်ခြင်းမေတ္တာဆိုတာလိုသလို
ပေးကမ်းစွန့်ကြဲလို့ မရသလို လုယူ
လို့လည်းလဲမရဘူး"ဟုတ်တယ်လေ။ သူက ဦးနစ္စဆီက
အချစ်တွေကို လုယူထားတာ မဟုတ်
သလို ဦးနစ္စကလည်း အချစ်တွေပေါ
များနေလို့ဆိုပြီး သူ့ကို ပေးကမ်းစွန့်ကြဲ
ထားတာမှ မဟုတ်တာ။ အချိန်လွှဲမှားစွာ တွေ့ဆုံခဲ့ပြီးမှ ဖြစ်လာတဲ့အချစ်တစ်ခုကို သူတို့နှစ်ယောက်လုံးတန်ဖိုးထားတယ်။
ဒီ့အတွက် သူ့ကိုအငယ်အနှောင်းမက ပိုင်းလုံးတစ်ယောက်အလား သမုတ်ပါ
စေအုံး ပျော်ပျော်ကြီးခံလိုက်မယ်။
ဒါတွေကလည်း ရူးလောက်အောင်ချစ်
နေမိတဲ့ ဦးနစ္စရဲ့တစ်မျက်နှာတည်း
ကြောင့်ပဲ။"မင်း! မျက်နှာပြောင်တိုက်လှချည်လား"
ယက္ခ၏စကားကြောင့် သုမာန်၏
မျက်ဝန်းထဲကအထက်စီးဆန်မှုတွေက
ချက်ခြင်းလွင့်စင်သွားကာ ချက်ကောင်း
ကို ထိမှန်သွားပုံရ၏။သူမ ရင်ထဲမှာတိုက်ခတ်လာတဲ့ မုန်တိုင်း
ရဲ့ဘေးထွက်ဆိုးကျိုးကျှမ်းအပေါ် သက်ရောက်ဖို့တိမ်စိုင်မဲများပမာ
လှိမ့်တက်လာပြီဖြစ်၏။ဘာကိုမှသိပ်မစဥ်းနိုင်တော့သလို
သူမ၏အသံကလည်း အနည်းငယ်
ကျယ်သွားသဖြင့် နဂိုမှ စိတ်ဝင်စားနေ
ကြသူများဟာ သိသိသာသာ အကဲ
ခတ်၍ ကြည့်လာကြ၏။သုမာန်၏ မြှောက်ရွယ်လာသောလက်
ကို ယက္ခက ပါးပြင်ထက်အရောက်မခံ
ဖမ်းဆုပ်လိုက်ချိန်တွင် ဦးနစ္စကလည်း
သူတို့အနားမရောက်ခင် လှမ်းအော်
လာ၍ လှုပ်လှုပ်ရှားရှားနှင့် ထင်ကြေး
မျိုးစုံကို တီးတိုးပြောလာကြသော
လူအများကြောင့် သုမာန်က နှုတ်ခမ်း
ကို ပြတ်ထွက်လုမတတ် ကိုက်ခဲမိ၏။"လက်မပါနဲ့ မာန်!"
နစ္စအနားရောက်လာသည်နှင့် ဆုပ်
ကိုင်ခံထားရသည့်လက်ကို ဆောင့်ရုန်း
ကာ အားဖြင့်တပြန်ပြန်တွန်းပစ်လိုက်
၏။ သူတို့ဖြစ်နေသည့်နေရာက
ရေကန်အစွန်းအဖျားဖြစ်နေတာ
ကြောင့် လက်တစ်ဖက်က ရှန်ပိုင်ဗန်း
သယ်ထားရသည့် ယက္ခက သုမာန်
တွန်းလိုက်သည့်အရှိန်ကိုမထိန်းနိုင်ကာ
ရေကန်ထဲ ပြုတ်ကျသွားသည်။
ESTÁS LEYENDO
Romance(Unicode) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာန်သဒ္ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မှုမရှိဘဲ သူ့အနားမှာ တစ်သက်လုံး နေပါရစေ။ (Zawgyi) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာနျသဒ်ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မ...