Part...25

4.9K 220 16
                                    

ခင်ဗျားနဲ့တွေ့မှ ကျွန်တော်လည်းစိတ်
ကူးယှဉ် တတ်တဲ့ကောင်လေးတစ်
ယောက်ဖြစ်လေခဲ့ပြီ။ကျွန်တော်ဟာ ခင်ဗျားမတော်တဆ ရောက်လာပြီး ပြန်လမ်းရှာမတွေ့အောင်ပြု စားထားတဲ့ ဝင်္ကပါငယ်လေး သိပ်ဖြစ်ချင်တာ။

"လွမ်းတယ် မျှမ်း" ဆိုသည့်တိုတောင်း
လှတဲ့ sms တစ်စောင်ကိုကြည့်ရင်း
ယက္ခတစ်ယောက် ဒီသုံးရက်အတွင်း
ဦးနစ္စ ကို သူလည်းလွမ်းနေရပါကြောင်း
တိတ်တိတ်လေး ရေရွတ်လိုက်သည်။
ပြန်စာ အဖြစ်တော့မပို့ဖြစ်ပါ။
တစ်ချို့သောအရာတွေက ဖွင့်ဟ
မ​ပြောလည်းဘဲ တစ်ယောက်ရင်မှ
တစ်ယောက်ခံစားမိစေမှာပဲမဟုတ်လား။

'လွမ်းတယ်ဗျာ ' လို့ စိတ်ထဲတွင်
ခပ်ဆောင့်ဆောင့်ရေရွတ်ရင်းကော်ဖီ
ဖျော်နေခြင်းကို မပျက်လုပ်ဆောင်
နေရသည်။ ဘဝသမားပေမို့ ချစ်သူကို
လွမ်းနာကျနေတာတောင် တဆွေး
တမြေ့နဲ့ ခံစားနေဖို့အချိန်မရှိ။
ထိုစဥ် သူ့ကိုကမ်းနားဘေးမှာစောင့်
နေတယ်ဆိုသည့် ဦးနစ္စ ဆီမှ ရောက်
လာတဲ့ sms နောက်တစ်စောင်ကြောင့်
ok sign တစ်ခုသာပြန်ပို့ပြီးလုပ်လက်စ
အလုပ်ကို လျှင်မြန်စွာအပြီးသတ်ကာ
ထွက်လာခဲ့သည်။ မပြည့်သေးတဲ့
အလုပ်ချိန်အတွက် အစားဝင်ပေးမယ်
ပြောလာသည့် မိုးဦးဆိုသည့် ကောင်
မလေး ကို စိတ်လိုလက်ရနှင့်ပြုံးပြ
မိသည်။သူတကယ်အကူအညီလိုနေ
တာလေ။ဦးနစ္စ ကို အရမ်းအရမ်းကို
တွေ့ချင်နေပါပြီ။

ချိန်းထားသည့်နေရာကိုရောက်တော့
ယက္ခ မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်
ကာပြုံးလိုက်မိသည်။ သူ့ခြေလှမ်းတွေ
က ပုံမှန်ထက် ပို၍တက်ကြွနေတာ
စဥ်းစားကြည့်ရင်း နည်းနည်းတော့
ရှက်မိသည်။ ဦးနစ္စဆီမှာအမှန်တကယ်
ကြီး ပျော်ဝင်နေတာများ ခြေလှမ်းများ
ကအစ အပြုံးချိုချိုများကအဆုံး သိ
သာလှသည်။ ဒီလူကြီးကိုသူဘယ်လို
များ ချစ်မိသွားရတာလဲ။

ယက္ခ ပြုံးစစမျက်နှာဖြင့်ပတ်ဝန်းကို
ဝေ့ဝိုက်ကိုကြည့်လိုက်တော့ ကျောပေး
ရပ်နေရာမှ သူ့ကိုလှည့်ကြည့်လာသည့်
နစ္စ ကိုတွေ့သည်နှင့် အပြေးသွားမိ
သည်။ လက်နှစ်ဖက်ကိုဆန့်တန်းကာ
သူ့အားကြိုလင့်နေတဲ့ ရင်ခွင်ထဲပြေး
ဝင်လိုက်မိသည်။ နစ္စ၏ခါးကိုလည်း
သူ့လက်နှစ်ဖက်နှင့် တင်းကြပ်နေ
အောင် ချိတ်တွယ်ထားလိုက်သည်။
ယောက်ျားတစ်ယောက် အားကုန်နှင့်
ပြေးဖက်လိုက်မှုကြောင့် နှစ်ယောက်လုံး ယိုင်နဲ့ပြီး ပြုတ်မကျစေရန် နစ္စကလည်း သူ့ခါးကိုထိန်းကိုင်ရင်းပွေ့ဖက်လာသည်။ ငြင်သာစွာထိတွေ့နေသော အသိနဲ့အတူ
သူမျက်နှာအပ်ထားရာ ဝဲအုံရင်အုံဆီမှအတိုင်းသားခံစားနေရသည့် ရင်ခုန်သံပြင်းပြင်းကြောင့် ယက္ခ မျက်လုံးများမှိတ်ကျသည်အထိ ပြုံးနေမိသည်။

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now