မနက်စောစော အိမ်ပြန်ရောက်နေ
တဲ့ သုမာန်က ရွိုင်းကိုစကားတစ်ခွန်း
မျှမပြောသလို ရွိုင်းကလည်း အကြည့်
တစ်ချက်တောင် မစွန့်ကြဲခဲ့ပေ။
သူတို့နှစ်ယောက်မှာ ပါးလျသော
ရေခဲပြင်ပေါ်တွင် ရပ်နေကြသည့်
အလား။ ချက်ခြင်းအက်ကွဲပြီး
အေးစက်သော ရေခဲပြင်ထဲသို့ရောက်
ရှိသွားနိုင်သည့်အခြေအနေကို သား၏
အသံဆာဆာနဲ့သာ ထိန်းထားသလို
ဖြစ်နေ၏။ရွိုင်းလည်း သားကိုကျောင်းပို့ရန်
ခေါ်သွားသဖြင့် တစ်အိမ်လုံးတွင်
သုမာန် တစ်ယောက်တည်းသာကျန်ခဲ့
သည်။ ခုံတွင်လျော့ရဲစွာမှီထိုင်ရင်း
ဆံပင်များကိုဆွဲဆုပ်နေမိသည်။
သူမ ဘာဆက်လုပ်မလဲလမ်းပျောက်
နေသလို ခံစားချက်မှာ ခံပြင်းစရာ
ကောင်းလှသည်။ငါလှမ်းလိုက်မယ့် ခြေလှမ်းတိုင်းရဲ့
အောက်ခြေမှာ ပိန်းပိတ်နေအောင်
မှောင်မဲနေတဲ့ ချောက်နက်တွေချည်း
ပဲ ရှိနေတယ်။ ရွိုင်းနစ္စရန်ကိုပိုက်ဆိုင်
ဖို့ ကြိုးစားစဥ်ကတည်းက ငါ့ခြေလှမ်း
တိုင်းမှာ အန္တာရယ်တွေ ရှိနေခဲ့တယ်။
ခြေတစ်လှမ်း မှားလိုက်တာနဲ့
ဟိုးအောက်ဆုံးအထိ ငါရောက်သွား
မှာ။ အခုလည်း ငါ့အဖြစ်က ကိုယ့်
ဘက် က မှန်နေလည်းပဲ သတိထားပြီး
လျှောက်လှမ်းနေရတုန်းပဲ။
ရွိုင်း...ရှင့်ကို အနိုင်ရဖို့ခက်ခဲသလို
ရှင့် ရင်ခွင်နေရာတစ်ရာရဖို့လည်း
သိပ်ကိုခက်ခဲတယ်။သို့ပေမယ့် ရှင့်အနားမှာနေခွင့်ရချင်
စိတ်တစ်ခုတည်းနဲ့ မှားယွင်းတဲ့
လုပ်ရပ်တွေကို ကျွန်မက မျက်စိမှိတ်
နားပိတ်.နဲ့ တစ်ယောက်တည်း
ကြေကွဲပြီး ရပ်ကြည့်နေဖို့ စိတ်ကူး
မရှိဘူး။ အများအမြင်မှာ ကျွန်မမှာ
ဘာများလိုအပ်ချက်ရှိနေလည်း
ပြောဆိုခံရတဲ့အခါ ရှင့်ကိုခွင့်လွှတ်မှာ မဟုတ်သလို စွန့်လွှတ်ဖို့လည်း
ဝန်လေးနေမှာမဟုတ်ဘူး။
တစ်ပါးသူလက်ထဲ လွယ်လင့်တကူ
အရောက်ခံမှာမဟုတ်ပေမယ့်လို့ပေါ့။အိမ်ကယောက်ျားအပြင်မှာပွေလီ
ရှုပ်ထွေးတာကိုသိပြီး တစ်ခြားမိန်းမ
တွေလို မျက်ရည်တစမ်းစမ်းနဲ့
ချော့တလှည့် ခြောက်တစ်လှည့်
ပွဲကြမ်းနေမယ့်မိန်းမထဲမှာ သုမာန်
သဒ္ဒါ မပါဘူး။ ကျွန်မက သိပ်ကိုသွေး
အေးတဲ့မိန်းမပေမယ့် ဘယ်လောက်အဆိပ်ပြင်းလဲဆိုတာ ရှင်တို့သိစေရ
မယ်။
أنت تقرأ
عاطفية(Unicode) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာန်သဒ္ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မှုမရှိဘဲ သူ့အနားမှာ တစ်သက်လုံး နေပါရစေ။ (Zawgyi) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာနျသဒ်ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မ...