Part...39
4K 199 15
(ဤအပိုင်းတွင်ပါဝင်သောစကားလုံး
များသည် မည်သူတစ်ဦးတစ်ယောက်
ကိုမှ ထိခိုက်လိုစိတ်မရှိပါ။)
.
.
သုမာန်ကားပေါ်မှ ဆင်းလာပြီး သူမ
ရှေ့တည့်တည့်မှ စုတ်ချာနေတဲ့
တိုက်ခန်းကို တစ်ချက်မော့ကြည့်ရင်း
ခပ်မဲ့မဲ့ပြုံးနေဖို့လည်း မမေ့။
အပေါ်ဆုံးကအခန်း မီးမလင်းမချင်း မောင်းမထွက်သွားတဲ့ ရွိုင်း၏ ကား
ကြောင့် ယောက်ျားတန်မဲ့ ယောက်ျား
တစ်ယောက်နဲ့ ချစ်ကြိုက်နေတဲ့
ကောင်ရဲ့အိမ်ကို သူမ သိလိုက်လေပြီ။
​ဒီလို တိုက်ခန်းစုတ်မျိုးကို ခြေကြွဖို့
တောင် စိတ်မကူးခဲ့ပေမယ့် အခုတော့
ဆိုးသွမ်းနေတဲ့လင်ယောက်ျားကြောင့်
သူမ ရောက်လာခဲ့ရလေသည်။
အံကိုတစ်ချက်ကြိတ်လိုက်ပြီး
လှေကားတစ်လျှောက် တက်လာခဲ့
သည်။ အပေါ်ဆုံးထပ်ရောက်တော့
သိသာစွာမြန်လာတဲ့ အသက်ရှုနှုန်းကို
ထိန်းရင်း သူမကိုယ်သူမ ထိန်းချုပ်နိုင်
စွမ်း အပြည့်ရှိဟန် ခက်ထန်သော
အသွင်ကိုဆောင်လိုက်သည်။
ပြီးနောက် သံဗန်းတံခါးမှာ ခတ်ထားတဲ့သော့ကို ခါရမ်းလိုက်တော့ အိမ်ထဲမှ
ခြေသံမှာ သူမဆီဦးတည်လာနေတာ
သိရ၍ အောက်နှုတ်ခမ်း အတွင်းသား
ကို ဖိကြိတ်မိသည်။
ငါ့မာနနဲ့ယုံကြည်ထားတယ်။
ကျွန်မရဲ့မာနကိုတော့ ကျွန်မ ဘယ်
တော့မှ မချိုးနှိမ်ဘူးလို့် ကိုယ်ကိုကိုယ်
အားပေးလို့ရမလား။ ကျွန်မက
ပျော့ညံ့သူမဟုတ်ဘူး။ ကျွန်မပိုင်တဲ့
အရာထိရင်တော့ အစွမ်းကုန်ကြိုးစား
ပြီး ပြန်ရအောင်ယူရမှာပဲ။အဲ့ဒီအရာကတန်ဖိုးကြီးမှမဟုတ်ဘဲ သေးနုပ်တဲ့
အရာဖြစ်ရင်တောင် ကျွန်မ ပြန်ရ
အောင်ယူမှာ။
ယက္ခကတော့ အပြင်ကတံခါးခေါက်
သံကြောင့် အဝတ်လဲနေရာမှထွက်
လာလေသည်။ ဒီအချိန်ကြီးလာဖို့
ဧည့်သည်လည်း သူမှာမရှိတာကြောင့်
ဦးနစ္စ များရောက်လာသလား
ဆိုသည့်စိတ်ဖြင့် ခေါင်းကုတ်မိသည်။
"ဦးနစ္စ မပြန်သေး"
"အာ...ဘာကိစ္စရှိလို့လဲ"
သူထင်သလို ဦးနစ္စ မဟုတ်ပါဘဲ
ဟိုမိန်းမဖြစ်နေသည်ကြောင့် လှုပ်ခတ်
သွားသည့် မျက်စံများကို လျှင်မြန်
စွာထိန်းချုပ်လိုက်ပြီး သော့ဖွင့်ကာ
သံဗန်းတံခါးဖွင့်ပေးလိုက်သည်။
တနေ့မှာ ဒီလိုတွေ့ရဖို့ကို သူမျှော်လင့်
ထားခဲ့တာလေ။