Extra 2
9.4K 279 24
"ချစ်တယ်"
"ကိုယ်ကပိုချစ်တယ်"
"ကျွန်တော်ကပိုချစ်တာ"
"ဒါဆို..."
"နောက်...နောက်တစ်ကြိမ်လောက်"
"ဦးနစ္စ!"
မိုးလင်းအိပ်ယာကနိုးသည်နှင့်ယက္ခ
ခေါင်းထဲ ပထမဆုံးရောက်လာသည့်
စကားကြောင့် သူဘေးမှ လွတ်နေတဲ့
နေရာကိုကြည့်ရင်း အံတစ်ချက်ကြိတ်လျက် အပြစ်မဲ့တဲ့ ဦးနစ္စအုံးရာ ခေါင်းအုံး
ကို တစ်ချက်ထိုးပစ်လိုက်သည်။
"မျှမ်း"
"ထွက်သွား!"
ရေချိုးခန်းမှထွက်လာပုံရတဲ့နစ္စ၏
ခေါ်သံကြားသည်နှင့် အသံကုန်
အော်ဟစ်ပစ်လိုက်တော့ အခန်းထဲက
ထွက်သွားပုံရ၏။ တံခါးပိတ်သံကို
ကြားလိုက်ရသည်။
ယက္ခလည်း အားကုန်အော်လိုက်တာ
ကြောင့် ကျောရိုးတစ်လျှောက်
အောင့်မျက် နာကျင်သွားတာကြောင့်
ဦးနစ္စကို ထိုးပစ်မည်ဟု စိတ်ထဲမှာ
ကြိမ်းဝါးရင်း အသာထလို့ရေချိုးခန်း
ဆီသာဦးတည်လိုက်သည်။
ကုတင်ဘေးရှိစားပွဲပေါ်မှာရှိနေတဲ့
ဆေးသုံးလုံးမျှထည့်ထားသော
ပန်းကန်သေးသေးလေးကိုမြင်တော့
ပြုံးစစဖြစ်သွားသော သူ့မျက်နှာကိုသူ
သတိမထားမိပါ။
ဦးနစ္စအသင့်စပ်ပေးသွာသည့် ရေနွေး
နွေးနှင့် တစ်ဝချိုးပစ်လိုက်ပြီး လေဝင်လေထွက်ကောင်းမည့် အဝတ်တစ်ချို့
ကို ရွေးဝတ်လိိုက်သည်။အခုထိအခန်း
ထဲ ပြန်မဝင်လာသေးတဲ့လူကြောင့်
မရယ်မိအောင်ထိန်းရင်း စားပွဲပေါ်မှ
ဆေးများကို ယူသောက်သည်။
ပြီးနောက် သူ့ပါးပြင်ကိုသူ လက်ချောင်း
များဖြင့်ပုတ်ရင်း တည်တံ့အောင်
ကြိုးစားပြီး အခန်းထဲမှထွက်လာသည်။
အခန်းပြင်ရောက်သည်နှင့်ထောင့်မှာ
ကပ်ရပ်နေသည့် ဦးနစ္စမှာ သူ့ကိုတွေ့
တော့ ကိုယ်ကိုမတ်လိုက်ပြီး မျက်နှာ
ငယ်နှင့် ကြည့်လာ၏။
အလကားကြောက်ချင်ယောင်ဆောင်
ပြနေတာ။ စကားပြောရင်အသံတိုးတိုး
နှင့် ရယ်ရင်တောင် တိုးဖျဖျ၊
လမ်းလျှောက်ရင်​ခြေသံတောင်
မကြားရ ဘယ်အရာမဆို သူနဲ့ဆန့်ကျင်
ဘက် ငြင်သာတတ်လွန်းတဲ့ ဒီလူ့ကို
တကယ်အေးလိုက်တာလို့ သူတွေး
ထင်ခဲ့ဖူးတာ တကယ်တော့ ဦးနစ္စက
​ကုတ်ကမြင်းကိုမှ ပျော့ပျော့နံတဲ့
ကြောင်ချီး။