Part...49

5.1K 240 29
                                    

နစ္စ က ဂွမ်းစောင်အထူကြီးထဲ မြုပ်
နေတဲ့ သူ့ဘေးကကောင်လေးကို
ထွေးဖက်ထားရင်း ပြုံးကာကြည့်နေ
သည်။ မျက်နှာတစ်ခုပဲ ဖော်ကာ
စောင်အဖြူကို သူနဲ့အတူအလုံထုတ်
ခြုံထားသော ကောင်လေးမှာ သူ့မျက်
လုံးထဲတွင် ကြောင်ဖြူလေးတစ်ကောင်
နှင့် တူလွန်းနေသည်။ မနက်ခင်း
အစောပိုင်းဖြစ်တာကြောင့် မြူများ
ကျနေပြီး အအေးဓာတ် ပိုကဲနေ၏။
အနွေးဓာတ်ရှာနေတဲ့ကောင်လေးဟာ
စောင်ပုံထဲတိုးဝှေ့ပြီး သူ့ဗိုက်သား
အနားတွင်ကပ်ကာ အတင်းတိုးအိပ်
လာသည်။ နစ္စကလည်း စောင်အပြင်
ထုတ်ထားတဲ့ သူ့လက်တွေက
အေးနေသည်ကြောင့် မျှမ်းကိုမထိရဲ။
အစောကြီးရှိသေး နိုးသွားမည်ကို
စိုးရိမ်သည်လေ။

အနွေးဓာတ်ရှိတဲ့ ဝမ်းဗိုက်အနားမှာ
ကွေးအိပ်နေတဲ့​ ကောင်လေးကို
တင်းကြပ်စွာ ဖက်ထားလိုက်ပြီး
သူ့လက်တွေကိုစောင်ပုံထဲထည့်ကာ
နွေးစပြုပြီဆိုမှ ခါးကိုဖက်ထားတဲ့
မျှမ်းရဲ့လက်တွေကို အုပ်ကိုင်ထား
လိုက်သည်။

မျှမ်းအိမ်မှာသူ ညအိပ်ဖူးပေမယ့်
အခုလို နီးကပ်စွာတော့ တစ်ကုတင်
ထည်း မအိပ်ခဲ့ဖူးပါ။ သူနဲ့မျှမ်းက
တစ်ညလုံးစကားပြောရင်ပြော
မပြောရင် ဂစ်တာတီးသီချင်းဆို
တတ်သည်။ မျှမ်းဖျားတုန်း ဒဏ်ရာ
ရတုန်းအချိန်တွေမှာ ပွေ့ဖက်အိပ်ဖူး
ပေမယ့် အခုခံစားချက်နှင့်မတူပါ။

အပူပင်ကင်းကင်းနဲ့ မျှမ်းနဲ့အတူ
မနက်ခင်းတစ်ခုမှာ နိုးထခွင့်ရဖို့ဆိုတာ
သူ မမျှော်လင့်ရဲခဲ့တဲ့ အိမ်မက်တစ်ခု။
အခုလို လက်တွေ့ပိုင်ဆိုင်ရတော့
ကြည်နူးမှုမှာ ဖော်ပြ၍ပင်မရပေ။
လိုက်ကာလှပ်ထားသော ပြတင်းပေါက်
မှ မြင်နေရသည့် မြူတွေဝေနေတဲ့
ပတ်ဝန်းကျင်မှ ရိုးတိုးရိပ်တိတ်မြင်
နေရသည့် တောင်တန်းကြီးများရဲ့
ပုံရိပ်ကို ကြည့်ရင်း ချစ်ရသူကို
ရင်ခွင်ထဲထည့်ကာ သဘာဝအလှကို
ခံစားရသည့် စိတ်ခံစားမှုဟာ နိဗ္ဗာန်ကို ရောက်နေသလို။ ဒါကလည်း မျှမ်း
သူ့အနားမှာရှိနေလို့ပါလေ။

"ခင်ဗျားနိုးနေတာလား"

ခပ်အစ်အစ်ထွက်လာသည့်မျှမ်း၏
အသံကြောင့် နစ္စက ငုံ့ကြည့်လိုက်
တော့ မျှမ်းကမျက်လုံးများကိုပွတ်ရင်း
သူ့ဗိုက်အနားမှာ ကပ်နေသည်ကို
သတိထားမိကာ ဆတ်ခနဲထထိုင်သည်။

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now