Part...20

5.6K 256 33
                                    

"ကျွန်တော်တို့ မတွေ့ပဲနေရအောင် "

"ခဏလောက်ဖြစ်ဖြစ်ပေါ့ "

ထိုစကားအဆုံးမှာ ဦးနစ္စကသူ့ဆီကရေရာ
သော အကြောင်းပြချက်ကိုမတောင်းခဲ့။
အမှန်တကယ် သူ့အနားကိုရောက်မလာ
တာ တစ်ပတ် ပင်ရှိလေပြီ။
ဒီလောက်ထိ စကားနားထောင်ဖို့လိုလေသလား။အခုဆိုကြည့်အုံး။ဘယ်လောက်
တောင် ရှက်စရာကောင်းလိုက်သလဲ။
မျှမ်းယက္ခသွေး က လမ်းကိုပင်ကောင်း
ကောင်းမလျှောက်နိုင် တောင်အီအီနဲ့
အဲ့ဒီလူကြီးကို လိုက်ရှာနေမိတာ။
ဒါတောင် တစ်ပတ်လေးပဲရှိသေးတယ်။
ကိုယ်ကပဲ ကိုယ့်စိတ်ကိုကိုယ် ဆန်းစစ်ချင်
တာကြောင့် မလာနဲ့လို့ပြောပြီး ကိုယ်ကပဲ
မျှော်နေပြန်တာတော့ မဟုတ်ချေဘူး။

"ယက္ခ "

"ကျစ်...လန့်လိုက်တာကွာ "

"မင်းကရော ဘာရှာနေတာလဲ "

အနားရောက်လာတဲ့မိုးမြေ၏အမေးကြောင့်ယက္ခ နေရခက်သွားသည်။
အရမ်းသိသာသွားပြီလား ။မထူးတော့ပါ
ဘူးကွာ။

"ဦးနစ္စ ကိုရှာနေတာ "

ချီးပဲ။ပြောချလိုက်ပြီ။

"မင်းပဲ သူ့ကိုမလာနဲ့ပြောထားတာလေ"

"အေ ဟုတ်တယ် ဒါပေမယ့်တွေ့ချင်တယ်
ကွာ အဲ့ဒီတော့ - ီး ဖြစ်လား "

"ဟ...ငါ့ကိုလာမဲမနေနဲ့ ယက္ခ "

"ကိုက်မနေနဲ့လမ်းလယ်ခေါင်မှာ ရေနဲ့ပက်လိုက်မယ် "

"သတောင်းစား! "

"ဒါမျိုးကျ ညှိစရာမလိုဘူးသံပြိုင်ထွက်တယ်"

အခုမှရောက်လာတဲ့ရောင်လွင်မှာ သူတို့
ကြားဝင်ရပ်ပြီး လက်မောင်းကိုတစ်ဖက်
တစ်ချပ်ဆီ ချိတ်ကာ ဆွဲခေါ်သွားသည်။

"ဟိုနားက ဆိုင်မှာထိုင်မယ်"

ဆိုင်ဝရောက်တော့မှ ချိတ်ဆွဲထားတဲ့
လက်မောင်းတွေကိုလွှတ်ပေးလာသည်။
အပုဆုံးဖြစ်တဲ့ရောင်လွင်က အလယ်မှာနေပြီး သူတို့နှစ်ယောက်ကို ဆွဲခေါ်လာပုံက
ချစ်စရာကောင်းလွန်းတာကြောင့် ယက္ခရော မိုးမြေ ပါ ပြုံးစိစိဖြစ်နေကြသည်။

"ဝင်တော့လေ ဘာပြုံးနေကြတာလဲ"

"မင်းကို စောက်မြင်ကတ်လို့! "

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now