Part...40

4.5K 204 8
                                    

ယက္ခတစ်ယောက် သူ့ရှေ့မှာရှိနေတဲ့
သဲပုံကို သစ်ကိုင်းခြောက်ဖြင့် ထိုးစွ
ရင်း အောက်နှုတ်ခမ်းကိုလည်း
တတိတိနှင့် ကိုက်ခဲနေလေသည်။
သူ့နားထဲတွင် Dream Coffee Shop
က ပိုင်ရှင်၏ 'နောက်ရက်ကစပြီး
သားခ အလုပ်လာစရာမလိုတော့ဘူး'
ဆိုတဲ့ စကားကသာ ပဲ့တင်ထပ်နေ၏။
သူလို ဆိုင်ကိုရောင်းအားကောင်း
အောင်လုပ်ပေးနေတဲ့လူကို ထုတ်ပစ်
စရာ အကြောင်းအရင်း ရေရေရာရာ
မရှိဘဲ ထိုသို့ပြော​ခြင်းက သွေးရိုးသား
ရိုးမှ မဖြစ်နိုင်တာ။

"တောက်ခ်"

သူ့မျက်လုံးထဲပေါ်လာသည့်မျက်နှာ
ကြောင့် တောက်ခတ်မိသည်။

ဒေါ်သဒ္ဒါမြင့်မိုရ်...သူတို့ကော်ဖီဆိုင်
ကို လာတတ်သလို သူဌေးမနဲ့လည်း
ရင်းနှီးပုံရသည်လေ။

အဲ့ဒီမိန်းမကြီးရဲ့ ပရောဂပဲဖြစ်ရမယ်။
သူ့အထင်က လွဲစရာအကြောင်းမရှိ။
ဒီလို ငွေအင်အားသုံးပြီး အောက်တန်း
ကျလိမ့်မယ်လို့ ခံမှန်းမိပေမယ့် အခု
လောက်ထိ မြန်မြန်ကြီးဖြစ်လိမ့်မယ်
လို့ မတွေးခဲ့တာတော့ အမှန်ပင်ဖြစ်၏။

"ကျစ်...မင်းသိပ်မှားတယ်ယက္ခ
ဒီလိုဟာတွေကို မညှာတာခဲ့သင့်ဘူး"

ကိုယ့်မှာတော့ ဦးနစ္စကိုယ့်အနားကပ်
ချင်ရင်တောင် အိမ်စောစောပြန်ရောက်
ဖို့ အရေး အားစိုက်လိုက်ရတာ။
ကိုယ်နဲ့ပတ်သတ်နေတာသိပြီး ပူလောင်
နေရုံလောက်ဆို ရပြီ။ အများကြီး
ထိခိုက်လိုစိတ်မရှိတာ စိတ်ရင်းအမှန်။
ဒါတောင် သူတို့ဘက်က ဒီလိုဆိုမှာ
တော့ ကိုယ်ကညှာတာပြနေစရာ မလို
တော့ဘူးထင်တယ်။

မိုးမြေပြောတာမှန်တယ်။ ဒီသားအမိ
က မင်းပျော့ညံနေပုံနဲ့ဆို သာသာလေး
နှပ်သွားမှာ ဆိုတဲ့စကားက သိပ်မှန်
တယ်။ သူတို့ကို မုန်းတီးရွံရှာပေမယ့်
ကလေးငယ်လေး ကြားညှပ်မှာစိုးလို့
ညှာတာပေးနေတာကို ဟုတ်လှပြီ
ထင်နေလားမသိဘူး။

"ငါ့နှယ်...ရယ်ချင်သလိုတော့ရှိစ"

"ဘာတွေရယ်ချင်နေတာလဲ မျှမ်းရဲ့"

နောက်ပါးမှဦးနစ္စ၏ အသံကြောင့်
အတွေးစကိုဖြတ်ကာ လှည့်ကြည့်
လိုက်သည်။

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now