တရှိုက်ရှိုက်တုန်ရီလို့ငိုနေသော
ကလေးငယ်၏အရှေ့တွင် ငြင်းပွား
နေသော မိန်းမတစ်ယောက်နှင့်
ယောက်ျားတစ်ယောက်ရှိနေသည်။
ထိုကလေးရဲ့အော်ဟစ်တားဆီးသံနှင့်
ကြောက်ရွံတုန်လှုပ်နေမှုကို လျစ်လျူ
ရှုလျက် သူတို့တစ်ဦးချင်းရဲ့ခံစားနှင့်
အယူအဆကိုသာ တစ်ယောက်တစ်
ပေါက် ငြင်းခုံပြောဆိုနေကြသည်။
နောက်ဆုံး မိန်းမနဲ့ယောက်ျား ဖြစ်
သည့်အလျှောက် ယောက်ျားဖြစ်သူ
ဘက်မှ လက်ပါလာ၍ ခံနိုင်ရည်
မရှိသော မိန်းမဟာ ရန်ပွဲကိုရပ်တန့်
လိုက်ဖို့ ဆုံးဖြတ်လိုက်ပုံရသည်။
ငိုနေသောကလေးကိုတစ်ချက်လှည့်
ကြည့်ပြီး နွေးထွေးစွာပြုံးပြလို့ အနား
သို့လာရန်ပြင်ဆင် အနောက်မှတွန်း
လိုက်တော့သော ယောက်ျားကြောင့်
လှေကားထိပ်မှ တစ်လှိမ့်ချင်းကျလို့
နောက်ဆုံး ရှိုက်ကြီးတငင်ငိုနေသော
ကလေး၏ ခြေရင်းသို့ရောက်လာခဲ့
သည်။ တမဟုတ်ချင်း ခန္ဓာထဲမှာ
သွေးမှာ ယိုစီးကျလာပြီး ထိုမိန်းမကိုပွေ့ပိုက် ငိုကြွေးနေသောကလေးဆီသို့
ပါ ချင်းချင်းနီနေသော သွေးများဟာ
ကူးစက်လို့ရောက်ရှိလာခဲ့သည်။"မေမေ"
"မေမေ့!"
ယက္ခ တစ်ကိုယ်လုံးချွေးများရွဲလို့
ကုတင်ထက် ငုတ်တုတ်ထထိုင်လိုက်
ပြီး သူ့လက်များကို တုန်တုန်လှုပ်နေ
သော မျက်ဝန်းများဖြင့် ကြည့်သည်။
သူ့အခုဏက မြင်ခဲ့ရသလိုသွေးများ
ရှိမနေတော့မှ အိမ်မက်မက်နေသည့်
အဖြစ်ကိုသုံးသပ်မိကာ သက်ပြင်း
ရှိုက်ချလိုက်ပြီး သူ့ဆံပင်တွေကိုသူ
ဆွဲဆုပ်လို့ ကုတင်ထက် ငူငူကြီးထိုင်
နေမိသည်။"ဟင်း...စိတ်ရှုပ်လို့သေတော့မှာပဲ"
လက်နှစ်ဖက်နှင့် ဆံပင်တွေကို
အားပါတရဖွပြီးတာတောင် သူရဲ့
စိတ်ရှုပ်ထွေးမှုတွေဟာမပျောက်သွား
တာကြောင့် ကုတင်ပေါ်မှဆင်းကာ
ဖုန်းကိုယူကြည့်လိုက်တော့ ဦးနစ္စ
ဆီမှ morning ပြောထားသည့်
မက်ဆေ့နဲ့အတူ လွမ်းနေကြောင်း
တစ်ထပ်ကြီးပို့ထားတဲ့ စာများကို
ကြည့်ရင်း ရယ်လိုက်မိသည်။တနေ့တာအဆင်ပြေဖို့ဆုတောင်း
စကား၏ အစွမ်းကြောင့်အခုဏက ညစ်ညူးနေတဲ့သူ့စိတ်ဟာလည်း
ကြည်လင်နေပြီဖြစ်၏။
နောက်ထပ်သော မိုးမြေနဲ့ရောင်လွင်
ဆီမှ ဝင်ထားသည့် sms ကြောင့်
ချိန်းထားသည့်နေရာကို သွားရန်
ရေချိုးခန်းဆီသို့ဦးတည်လိုက်သည်။
أنت تقرأ
عاطفية(Unicode) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာန်သဒ္ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မှုမရှိဘဲ သူ့အနားမှာ တစ်သက်လုံး နေပါရစေ။ (Zawgyi) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာနျသဒ်ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မ...