Part...28

4K 207 22
                                    

ဒီနေ့နဲ့ ဆို ၃ရက်ရှိပြီ ငါ့ကိစ္စတွေကိုသိပြီး မိုးမြေပြည့်စုံပျောက်သွားတာ မျှမ်း ဘက်က ထူးခြားတဲ့အမူအရာလည်းမရှိဘူး။
အရင်ပုံစံအတိုင်းပဲ။ စဉ်းစားမရတာ ဘာကြောင့်မပြောသေးတာလဲ။ တစ်ခါမှမတုန်လှုပ်ဘူးတဲ့ ငါက အခုတုန်လှုပ်နေပြီ။
မိုးမြေ ကြောင့်လား။...ဟင့်အင်း...။
မိုးမြေ လို လူငယ်လေးကို ငါ့ကတုန်လှုပ်စရာလား။ ဒီလိုဆို အဲ့ဒီကောင်လေး ကိုင်ထားတဲ့ ငါ့ရဲ့အကြောင်းကြောင့်လား
ဆိုတော့လည်း မဟုတ်ဘူး။ ဒီအကြောင်းကိုသိပြီး နာကျင်သွားမယ့် မျှမ်းကြောင့်ပဲ။
မျှမ်းရဲ့ နာကျင်ခြင်းတွေက ငါ့ကိုခြောက် လှန့်အောင် လုပ်လို့ငါတုန်လှုပ်နေတာ။

အခန်းထဲဝင်လာတဲ့စေလင်းရာကို နစ္စ လှမ်းကြည့်လိုက်တော့လက်မှတ်ထိုးစရာများပေးလာသဖြင့်ခပ်မြန်မြန် သာ ထိုးပေးလိုက်ပြီး သူ့ရုံးခန်းထဲရှိ ဘီဒိုထဲမှ စက္ကူပုံးအပြာကိုထုတ်ယူရင်း ကြမ်းပြင်မှာပဲ ထိုင်ချလိုက်သည်။ စေလင်းရာ
ကတော့ boss ၏ ပုံစံကြောင့်အခန်းထဲမှ ခပ်ကုတ်ကုတ်ထွက်လာပြီး သက်ပြင်းသာချမိသည်။

အဲ့ဒီပုံးအပြာထဲမှာ တစ်ခါသုံးခွက်တွေရော အဝတ်တွေရောစုံလို့။
အခုရက်ပိုင်းအတွင်း စိတ်နဲ့လူနဲ့ကပ်ပုံလည်းမရ။ စာရွက်စာတန်းများကို မစစ်ဆေး လက်မှတ်ကိုပြီးစလွယ်ထိုးပေးပြီး စိတ်များလွင့်နေပုံရသည်။ တစ်ခုတစ်ခုလိမ်လည်မှု ပြုလိုက်ရင်တောင် သိမည့်
ပုံမပေါ်။ ထိုကြောင့် စေလင်းရာမှာအရင်ရက်များကထက်ပို၍ ဂရုစိုက်နေရသည်။ boss က ခက်ထန်တဲ့ အသွင်ဆောင်ပေ
မယ့် သူရဲ့ကျေးဇူးရှင်လေ။တနပ်စား
ဥာဏ်မျိုး ဘယ်တော့မှ ထုတ်သုံးမည်မဟုတ်ပေ။

မိုးမြေကတော့ အထပ်ပေါင်းများစွာ
ဆောက်လုပ်ထားသည့် အဆောက်အဦး ရှေ့တွင်ရပ်ရင်း တစ်ချက်မော့ကြည့်လိုက်ပြီး မဲ့ပြုံးတစ်ချက်နဲ့အတူ sunglass ကို ဟန်ပါပါချွတ်လိုက်သည်။ ပြီးနောက် RY Group ထဲသို့ သူ့ခြေလှမ်းများကို ဦးတည်လိုက်၏။

"ရွိုင်းနစ္စရန်ရှိလား"

"ချိန်းဆိုထားခြင်းရှိလား ရှင့်"

"မရှိတော့"

ခပ်ကြောကြော ပြောလာသည့်သူ့ကို
ဝန်ထမ်းမလေးကို ကြောင်ကြောင်
လေးတစ်ချက်ကြည့်ပြီးမှ...

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Hikayelerin yaşadığı yer. Şimdi keşfedin