Part...13

5.9K 269 9
                                    

'ကျွန်တော့်ဘဝက အတောင်ကျိုးနေတဲ့ငှက်နဲ့တူတယ် ' တဲ့ ။ ဒါဆိုဒီငှက်လေးရဲ့ဘဝကို သူကထပ်မံရိုက်ချမယ့်လူတစ်ယောက်ဖြစ်နေပြီလား။ နဂိုထဲကဒဏ်ရာများနဲ့ငှက်ငယ်လေးကို မိုးစိုအောင် သူက
ပြုလုပ်မယ့်လူလား။ မဟုတ်ဘူးမျှမ်း။ မင်းပြောတဲ့စကားကိုကြားပြီး ငါတွေးလိုက်မိတာတစ်ခုပဲရှိတယ်။
အချစ်...အဲ့ဒီနာမ်စားလေးအပြင်
မေတ္တာဆိုတဲ့အရာနဲ့ မင်းအတွက်အရိပ်လေးတစ်ခုဖန်တီးပေးဖို့ပဲ။

ငါ့အရိပ်မှာမင်းအေးချမ်းပါစေ။

ဒါဟာ...ကောင်းကင်မှာမှိတ်တုတ်မှိတ်တုတ်
ဖြစ်နေတဲ့ကြယ်လေးတွေကိုတမေ့တမော
ငေးရင်း လှိုက်လှိုက်လှဲလှဲတောင်းလိုက်
တဲ့ဆုပဲ။ ဘယ်အချိန်အနေအထားကများ
မျှမ်းယက္ခသွေး ကို သူ့ဘဝထဲကဆုတောင်းစကားမှာပါ ပါဝင်အောင်ပြု လုပ်လိုက်လေသလဲတွေးပြီး ပြစ်မယ်ဖွဲ့ချင်စိတ်လည်းရှိမနေ။
ဒီကောင်လေးအတွက်သာ သိသိသာသာ
လေးလံနေတဲ့ရင်တစ်စုံကို ထုနှက်ပြီး
မင်းရူးနေလားလို့ အော်ဟစ်ကြိမ်းမောင်းဖို့
ကိုလည်း သူရင်ခုန်သံများဟာ အပြစ်ရှိ
မနေ။

ပြု စားလွန်းတဲ့သတ္တဝါလေးလို့ တစ်ဖက် သတ်စွပ်စွဲရင်လည်း ဒီလူကြီးကပဲ
မတရားရာကြမယ်။မင်းနဲ့တော့ရူးမယ်။

အတွေးထဲမှာတောင် သူမနိုင်တဲ့ ကောင်လေးကြောင့် နစ္စ ပြုံးရင်းခေါင်းခါရမ်းမိသည်။ လက်ထဲက ဆေးလိပ်တို ကိုကြည့်နေမိစဉ် အနောက်ဘက်မှသုမာန်၏အသံကြောင့်လှည့်ကြည့်လိုက်
သည်။

"ကို ဘာရပ်လုပ်နေတာလဲ "

နစ္စလှည့်ကြည့်လိုက်သည်နှင့်လက်ထဲက
ဆေးလိပ်တို ဆီ သုမာန်အကြည့်များဟာ
ရောက်ရှိသွား၏။

"ကို ဆေးလိပ်ပြန်သောက်နေတာလား"

"မဟုတ်ပါဘူး "

ပြောရင်းပင်ဝရံတာမှာ ရပ်နေရာမှအထဲသို့
ဝင်လာလိုက်သည်။ အလုပ်လုပ်ရာအခန်း
ထဲမှထွက်ကာအိပ်ပျော်နေပြီဖြစ်တဲ့သားငယ်ရှိရာ အခန်းထဲသို့ သုမာန်ကိုကျော်ကာဝင်သွားသည်။

နစ္စလက်ထဲဆေးလိပ်တိုကို ဘူးအလွှတ်
တစ်ခုထဲထည့်လိုက်ပြီး မနက်အလုပ်သွား
ရင်ယူသွားတတ်သည့် အိတ်ထဲထည့်နေ
သည်။ ထိုအချင်းအရာကိုမြင်ဖြစ်အောင်မြင်လိုက်တဲ့ သုမာန် ကတော့ နှုတ်ခမ်းပင်ပွင့်အာလို့ မလှုပ်မယှက်ရပ်ကြည့်နေသည်။

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now