Part...24
4.4K 204 21
နေ့တစ်ဝက်နှင့် အလုပ်ကို အမြန်ဖျက်ပြီး မျှမ်းအတွက်နေ့လည်စာဝင်ဝယ်ကာ
အိမ်သို့ရောက်လာတော့ မနေ့က
အသည်းသန်ဖျားထားတဲ့ကောင်လေး
မှာ ​အိမ်နေရင်းဘောင်းဘီတိုတစ်ထည်
နှင့် တီရှပ်ပါးလေးကိုဝတ်ထားပြီး
သူအိမ်ထဲဝင်လာတာကို တစ်ချက်ပင်
မော့မကြည့်ပေ။ ဆိုဖာပေါ်မှာခပ်လျှော
လျှောမှီ ထိုင်ရင်း ရှေ့ကစားပွဲပေါ် ခြေ
အစုံကိုတင်ထားပြီး ဖုန်းကိုသာ ကြည့်
နေသည်ကြောင့် နစ္စမှာ ခေါင်းတခါခါ
ဖြင့် မျှမ်းလက်ထဲက ဖုန်းကိုဆတ်ခနဲ
ဆွဲယူလိုက်သည်။
"ဘာလုပ်တာလဲ ခင်ဗျား "
"နေမကောင်းတာကိုဖုန်းကြည့်နေရင်
ခေါင်းမူးလိမ့်မယ် "
ပြောရင်းအထုတ်တွေကိုချကာမျှမ်း
နဖူးကို အဖျားရှိမရှိစမ်းတော့ ကိုယ်ပူ
တော့မရှိတော့ပေ။သို့သော်မျှမ်းက
နှာခေါင်းတော်တော်လေးပိတ်နေပုံ
ရသည်။အသံလေးတောင်ညှောင်လို့။
အိပ်ကပ်ထဲကလက်ကိုင်ပုဝါကိုထုတ်
ကာ မျှမ်းကို ကမ်းပေးလိုက်သည်။
"ညစ်ချလိုက် "
"မညစ်ဘူး "
"သိမ်းထားမလို့ နှပ်ချေးတွေကို "
"ခင်ဗျားနော် "
မျှမ်း၏အသံမှာအရင်လိုကျယ်လောင်
မနေ။ညောင်ညောင်လေးသာ ထွက်
နိုင်သည်ကြောင့် စိတ်မကောင်းပေ။
တစ်ရက်လေးဖျားလိုက်တာနဲ့ချောင်ကျ
သွားတဲ့ မျက်နှာလေးကိုလက်နှစ်ဖက်
ဖြင့်အုပ်ကိုင်မိတော့ ပေကပ်ကပ်ကြည့်
နေပုံမှာ အရင်လို ဂျစ်ကန်ကန်နိုင်တုန်း
ပင်။
"ဗိုက်ဆာပြီပေါ့ ကိုယ်ထည့်ခဲ့မယ် "
"အနွေးထည်ယူဝတ်ထားကွ ပြန်ဖျားနေမယ် ငပေလေးရဲ့ "
ထသွားပြီးအနွေးထည်ယူကာကိုယ်
တိုင်ပဲဝတ်ပေးပြီးစောင်ပါးလေးကို
ခြေထောက်ထိလုံအောင်ခြုံပေး
လိုက်​သည်။ ခဏကြာတော့ဆန်ပြုတ်
နဲ့ကြက်​ကြော်ပန်းကန်ကိုရှေ့သို့ယူလာ
၏။သူခြုံပေးထားသည့် စောင်ကို
ကန်ချထားသည့် မျှမ်းကြောင့်ခြေအိတ်
သာ ဝတ်ပေးဖို့တွေးပြီး အခန်းထဲ
ဝင်သွားသည်။ပြန်ထွက်လာတော့ မျှမ်း
က ဆန်ပြုတ်တောင်ယူသောက်နေပြီ
ဖြစ်တာကြောင့်ပြုံးရင်းစားပွဲပေါ်တင်
ထားတဲ့ခြေထောက်ကိိုယူကာ ခြေအိတ်ဝတ်ပေးတော့ငရဲကြီးမှာကြောက်တဲ့ကောင်လေးက ရုန်းပြန်၏။