Part...19
5.5K 231 18
နစ္စ မှာ ပေါင်ပေါ်က သားငယ်ကိုကိတ်မုန့်
ဖဲ့ကာ စိတ်ရှည်လက်ရှည်နဲ့ခွံကျွေးနေတဲ့
မြင်ကွင်းကို သုမာန်က နှုတ်ခမ်းတစ်ဖက်
တွန့်ကွေးရုံမျှပြုံးလို့ ကြည့်ရင်း သူမ ထည့်ပြီးသွားတဲ့ ကော်ဖီခွက်ကို နစ္စဆီသို့ကမ်းပေးလိုက်သည်။
"ဒယ်ဒီ ဟိုဒါလေး "
ခရင်မ်များများနဲ့ ကိတ်ကိုလက်ညိုးထိုးကာ တောင်းနေသည်ကြောင့် နစ္စ က
သုမာန် ကမ်းပေးလာတဲ့ကော်ဖီကို သောက်ရင်းခိုးပြုံးသည်။တစ်လက်စတည်း ကလေး သဘာဝ အချိုကြိုက်တဲ့သားငယ်ကိုနှပ်ချဖို့ကိုပါတွေးလိုက်ပါသည် ။
"ရစေရမယ်ဗျာ "
ကိတ်မုန့်ကိုလှမ်းယူရင်းအပေါ်က ခရင်မ်ကိုလက်ညိုးဖြင့်ယူကာ ပါးစပ်ထည့်အမြန်ထည့်လိုက်ပြီး ကိတ်သားကိုချည်း သားငယ်ကိုခွံတော့ အစလက်ခုပ်တီးကာ အပျော်ကြီးပြောနေတဲ့ နက္ခ ဟာ ဆူအောင့်ပါတော့သည်။
"ဒယ်ဒီ မကောင်းဘူး သားခရင်မ်တွေကို
စားသွားတယ်"
ခြေထောက်တွေကိုပါလှုပ်ရမ်းလို့ဂျစ်ကျ
လာပုံကို နစ္စသဘောကျလွန်းလို့ရယ်နေသည်။
"အချိုတွေစားရင်သွားပိုးစားမှပေါ့ကွ"
"ဟုတ်သားပဲ အင့် ဒါမယ့် စားချင်တယ်"
"a little "
"yap! a little "
ချက်ချင်းထောက်ခံကာ သူခွံလိုက်တဲ့
ကိတ်ကို တမြုံ မြုံ နဲ့ဝါးရင်းကိုယ်လေးကို
လည်း ရမ်းနေသည်။
သုမာန်ကတော့ အရှေ့ကမြင်ကွင်းကို
အရင်နေ့များကဆို ပြုံးပျော်ပီတိဖြစ်မိမှာ
မှန်ပေမယ့် ဒီနေ့မှာတော့ သူမ မပြုံးနိုင်ပါ။
ရွိုင်း ရဲ့ကလေး အပေါ်ဂရုစိုက်မှုကို သူမ
မစော်ကားချင်ပေမယ့် သဘောမတွေ့တာ
ကတော့ အမှန်ပင်။ သားငယ်ကိုအခုလို
ခဏလေး ဂရုစိုက်ပေးမယ် ပြီးရင်အလုပ်ကို အကြောင်းပြပြီး ပြန်ပြီးပျက်ကွက်မယ်
ဒီလိုနဲ့သံသရာလည်နေမှာကို သူမစိုးရိမ်
မိသည်။အခုလည်း အတွေးပေါင်းစုံကြောင့်မိသားစု မနက်စာ စားဝိုင်းမှာတောင် သူမက သင်းကွဲ ဖြစ်နေလေပြီ။
ရွိုင်း က တမင်သက်သက်သူမကိုထိုအခြေအနေ ရောက်အောင် လုပ်ခဲ့သည်လား။ သုမာန် အောက်နှုတ်ခမ်းဖိကြိတ်မိပြန်၏။ အမှန်တရားတစ်ခုဆိုရမည်ဆိုလျှင် သူမ ရွိုင်းနစ္စရန် ကိုနည်းနည်းမှမယုံရဲခဲ့ပါ။ ရွိုင်း က ဘယ်အချိန်မှာများ သူမကို ထိုးနှက်တိုက်ခတ်မည်လဲ ဆိုတဲ့အတွေးကြောင့် အမြဲလိုလိုပြန်ခုခံဖို့ အသင့်အနေအထားမှာ ရှိနေခဲ့၏။
လူအများအရှေ့မှာတော့ ဘယ်သောအခါမှ မိသားစုအပေါ်အရှက်မရစေသလို ။ အတွင်းပိုင်းက ပြသနာတွေကို အပြင်ကို ဘယ်တော့မှမသယ်တတ်တဲ့ ရွိုင်း ကို သူမလေးစားပေမယ့် အပြည့်အဝတော့မယုံရဲပါ ။ သူမတို့ဒီအိမ်ထောင်ရေးကို ဘယ်လိုတည်ဆောက်ထားလဲ သိနေတာကြောင့်ပင်ဖြစ်၏။