Part...26

4.5K 229 27
                                    

မိုးရေများရွဲအိုင်လို့ညဥ့်နက်မှ အိမ်ပြန်လာတဲ့ ယောက်ျားဖြစ်သူကိုကြည့်ရင်း သုမာန် နှုတ်ခမ်ထောင့်စွန်းလေး ကော့ညွှတ်ရုံမျှ ပြုံးလိုက်သည်။ ရွိုင်း က အရင်နေ့များကထက်ပို၍ နောက်ကျမှ အိမ်ပြန်ရောက်လာ
သလို သူမ ထိုင်စောင့်နေသည်ကိုပင်
သတိမမူနိုင်အောင် တစ်ကိုယ်တည်း
ပြုံးကာ အိမ်ထဲဝင်လာပုံကို ကြည့်ခြင်းဖြင့် ဒီယောက်ျား အပြင်မှာသိပ်ကိုအပျော်ကျူးခဲ့ပုံရသည်ဟု ကောက်ချက်ချမိသည်။

"ရွိုင်း"

"အင်း...မာန် ကိုယ်အရမ်းနောက်ကျသွားတယ် သားရောအိပ်လောက်ပြီပေါ့"

"ရွိုင်းကအချိန်ကိုသတိရသေးသားပဲ"

ခပ်ပြုံးပြုံးနှင့် ပြောလာတဲ့စကားကို ရွိုင်း က ဘဝင်မကျပေမယ့် အမှန်တကယ်ပင် သူ့ဘက်ကနောက်ကျနေ၍ ပြန်လည်မချေပဖြစ်။ အပေါ်ထပ်ကိုသာ ဦးတည်၍ တက်လာ၏။

"ထီးပါရဲ့သားနဲ့ တစ်ကိုယ်လုံးရွဲနေတာပဲ"

"ထီးက ဘယ်သူ့ကိုပေးလိုက်လို့လဲ"

"ကိုယ့်အသိကောင်လေးနဲ့ မျှဆောင်း
လိုက်လို့ ရွဲသွားတာပါ"

"အဲ့ကောင်လေးနဲ့ မာန်တွေ့ချင်တယ်"

"ဘာလုပ်ဖို့လဲ"

ဆတ်ခနဲလှည့်ကြည့်ပြီး အလောတကြီး​ပြောလာတဲ့ ရွိုင်း၏ပုံစံကြောင့် သုမာန် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။ ဒီလောက်ထိ အထိမခံအဖြစ် သည်းပြနေပုံထောက်ရင် ရွိုင်းနဲ့ အဲ့ဒီကောင်လေးမှာ ပတ်သက်မှုကြီးကြီးမားမား ရှိနေတာ ​သိပ်ကိုသေချာနေလေပြီ။
ဘယ်လိုပတ်သတ်မှုမျိုးလဲ။

"ဒီတိုင်း ကျွန်မရဲ့ယောက်ျားကို
အိမ်ပြန်နောက်ကျတတ်ဖို့ သင်ပေးတဲ့
ကောင်လေးကို တွေ့ချင်ရုံပါ"

"ဘယ်လောက်ထိ လွှမ်းမိုးမှု ရှိနေသလဲကျွန်မ သိချင်လို့"

"မာန်...ကိုယ်အိမ်ပြန်နောက်ကျတာသူနဲ့ ဘာမှမဆိုင်ဘူး"

"ဒါတော့ ရွိုင်းရဲ့အပြောလေ ကျွန်မ မြင်သိနေရတာကတော့ ရွိုင်း ရဲ့ အပြောတိုင်းမှာ အဲ့ဒီကောင်လေး က နောက်ကွယ်မှာရှိနေတာအသိသာကြီးပဲ"

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Tempat cerita menjadi hidup. Temukan sekarang