Part...3

8.8K 419 14
                                    

သုမာန် က သူမအမေ၏အိမ်ကိုသာသွား
မည်ဖြစ်ကြောင်းပြောမိတော့ ခပ်ပါးပါးပြုံးလိုက်တဲ့နစ္စရဲ့အပြုံးကိုမြင်ဖြစ်အောင်
မြင်လိုက်ပါ၏။ နစ္စက သူမ၏အမေကိုနည်းနည်းမှမမြင်မကြည်သော်လည်း
ဖွင့်ဟပြောခြင်းတော့မရှိ။ အခုလည်း
မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ အမေဆီ သွားဖို့ပြောမိရာ နစ္စ ပြုံးလိုက်တဲ့အပြုံးဟာ သူမရင်ကိုစူးခနဲအောင့်တက်သွား
စေသည်။ သို့ပေမယ့် ဟန်မပျက်ထိန်းချုပ်ရင်း ရှေ့ကိုသာကြည့်နေသည်။ သူမ၏ အမေ ဒေါ်သဒ္ဒါမြင့်မိုရ် ပြုလုပ်ခဲ့သည်
များက နစ္စနဲ့သူမကြား အေးစက်မှုတွေအပြင်အမုန်းတရားတစ်ချို့ကိုရောက်ရှိ
ခဲ့သည်ပဲ။ အမုန်းတရားဆိုသည်ထက် သူမ၏ မာန်မာနကိုထိပါးစေသည့်အဆိပ်တောက်များဆို ပို၍မှန်ပေလိမ့်မည်။
အမေဖြစ်သူက သူမ အတွက်လုပ်ပေးခဲ့ခြင်းဆိုပေမယ့် သုမာန်သဒ္ဒါဆိုတဲ့မိန်းမက
ရွိုင်းနစ္စရန် ဆိုတဲ့လူသားကို အရယူနိုင်တဲ့
အရည်ချင်းအပြည့်အဝရှိနေသည်ကိုတော့
အမေကမယုံခဲ့ပါဘူး။ အမေသာယုံခဲ့ရင်
သူမတို့တွေ ဒီထက်ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကိုပိုင်ဆိုင်ရမှာအမှန်ပင်။

သုမာန် ကတော့ သူတို့မိသားစုကြားမှ
ခပ်အေးအေးဆက်ဆံရေးကို အထူး
တလည်ဂရုစိုက်မနေပါ။
ရွိုင်းနစ္စရန် ဆိုတဲ့လူသားကသူ့အပိုင်ဆိုတာတစ်လောကလုံးသိနေပြီပဲ။
ဒီလို အသေးအဖွဲ့လေးကိုထွေထူးပြီးဂရုစိုက်နေစရာမရှိ ။ နစ္စကလည်း သူမနည်းတူပင်ဖြစ်၏။သူမလို မိန်းမတစ်ယောက်ကိုပိုင်ဆိုင်ရတဲ့ ယောက်ျားတစ်ယောက်ဖြစ်နေခြင်း နဲ့ တင်လုံလောက်
လေပြီ။ သူမအတွက်အရေးကြီးဆုံးက မာန်မာနနဲ့ ဂုဏ်သိက္ခာမပျက်ယွင်းဘဲ
ရွိုင်း နဲ့ သားမာန် သူမအနားရှိနေဖို့သာ
ဖြစ်သည်။

"ကို မာန်က အမေတု့ိဆီမရောက်တာ
ကြာနေပြီမို့ပါ "

ပကတိငြိမ်သက်နေသောအသံဖြင့်ပြောလာတဲ့စကားကြောင့် နစ္စ ခေါင်းငြိမ့်ပြလိုက်သည်။ မသွားနဲ့မကြိုက်ဘူးလို့ပြော
ချင်ပေမယ့်နစ္စ၏ဦးနှောက်ကခွင့်မပေး
ပေ။

"သွားပါ"

"နေ့လည် ​ကို့အတွက်ထမင်းလာပို့မယ်လေ
အပြန်သားလေးကိုအတူဝင်ကြိုရအောင်"

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now