Part...17

5K 233 21
                                    

မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်
တာနဲ့ အခန်းထောင့်မှာ မြင်နေရသည့်
ထီးအကြည်တစ်လက်ကို ကြည်ရင်း
ယက္ခ ၏ မျက်ခုံးတန်းဟာ စုကျုံ့သထက် စုကျုံ့လာသည်။ လှဲနေရာမှ ငုတ်တုတ်ထထိုင်လိုက်ပြီးိမ္မော်ဖျော့ရောင်ဆံစများကြား လက်တိုးဝှေ့လို့ စိတ်ရှိလက်ရှိထိုးဖွ
ပစ်ရင်း သူ့ခေါင်းထဲမှ အတွေးများကို
ရှင်းထုတ်သော်လည်းမရ။

ဦးနစ္စ...ဦးနစ္စ၏အကြောင်းအရာများ
ကသာ မနက်ခင်းသူ့ရဲ့အတွေးဦးများ
ထဲကို ပိုင်နက် ကျူးလွန်လာပြန်ပြီ။

ညတုန်းက မိုးသည်းနေတာတောင်
bar ထဲက ထွက်လာသည့်သူ့အနောက်
နစ္စ ကလိုက်လာပြီး အိပ်ပြန်ပို့ပေးဖို့
ပြောပေမယ့် ရှုပ်ထွေးလွန်းလာသည့်
စိတ်ကြောင့်လက်မခံဖြစ်ခဲ့။
ကားထဲမှ ထီးတစ်လက်ကိုထုတ်ပေး
ခဲ့ပြီး မိုးရေထဲပြန်ပေးသွားတဲ့လူက အနည်းနဲ့အများတော့မိုးမိပေလိမ့်မည်။

'ဖျားသေးလား '

WTF!!ဘယ်အချိန်မှာလက်ထဲ ဖုန်းရောက်လာပြီး typing ဘယ်လိုရိုက်ခဲ့သည်လဲမစဉ်းနိုင်ခင်မှာပဲ ' ဟိုလူကြီး '
ဟု မှတ်ထားသော contact အား
'ဖျားသေးလား ' ဆိုသည့် sms တစ်
စောင်ကို ပို့ပြီးနှင့်ပြီဖြစ်၏။

ယက္ခ အောက်နှုတ်ခမ်းကိုဖိကိုက်ရင်း
သူ့ဘေးက ခပ်ကြီးကြီးအမွှေးပွအရုပ်ကြား မျက်နှာအပ်လို့ တိုးဝှေ့ပစ်လိုက်သည်။ လက်သီးဆုပ်ဖြင့်မွေ့ယာကို
လည်း ထုရိုက်နေမိတာအကြိမ်ကြိမ်။

ထိုစဉ် ဝင်လာတဲ့ဖုန်းသံကြောင့် ဆတ်ခနဲထထိုင်လိုက်ပြီး ပူတက်နေတဲ့ မျက်နှာပြင်အား လက်ချောင်းများဖြင့်ပုတ်သည်။
ခန့်မှန်းစရာမလိုအောင်ကို ဦးနစ္စဆက်တာ သေချာနေတာကြောင့် ချောင်းဟန့်ရင်း ခံတွင်းရှင်းကာ ကိုင်လိုက်သည်နှင့် ကြားလိုက်ရတဲ့စကားကြောင့် မျက်စံများက ဟိုဒီပြေးလွှားလှုပ်ရှားသွား၏။

"ကိုယ့်ကိုစိတ်ပူလို့လား " တဲ့။

စိတ်ပူတာမဟုတ်ပါဘူး။
ဒီတိုင်းသိချင်တာ။ရှင်းရှင်းပြောရရင်ယောက်ျားတန်းမဲ့စပ်စုတာ ဘာဖြစ်လဲ။ စိတ်ပူရအောင် ကိုယ်နဲ့သူက
ဘာပတ်သတ်လို့လဲ။အဝေးကြီးပဲ။

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now