Part...6

6.4K 338 22
                                    

​နစ္စ မနက်စာစားရန်ဆင်းလာစဉ်သူ့ကိုမြင်သည်နဲ့ ခြေထောက်ကိုပြေးဖက်တက်သော သားငယ်မှာ အပြေးလေးရောက်လာသည်ကြောင့် ကိုယ်လုံးလုံးလေးကိုမြှောက် ချီလိုက်တော့ သဘောကျတာရယ်သည်။
မြှောက်ချီထားရင်း လေပေါ်ဝှေ့ရမ်းပစ်လိုက်တော့ တခစ်ခစ်နှင့် မြူးနေလေသည် ။

"ပြုတ်ကျကုန်ပါမယ် ဆော့မနေနဲ့တော့
သားဖတွေ "

မီးဖိုခန်းမှထွက်လာသည့်ညသုမာန်၏ အပြောကြောင့် နစ္စ ရပ်လိုက်ပြီး နက္ခလေးကို ချီထားလျက်ပင် မီးဖိုခန်းထဲဝင်လာ
သည်။ သုမာန်လည်းအနောက်ကလိုက်ဝင်လာပြီး နစ္စအား မနက်စာပြင်ပေးလိုက်ပြီး သားငယ်လေးကို သူ့ပေါ်ပေါ်သို့ ပြောင်းချီလိုက်သည်။

"ဒယ်ဒီ ကျွေး ဒယ်ဒီခွံပေးလို့ "

ကော့ထိုးကာဆင်းသွားပြီး နစ္စ၏ပေါင်ပေါ်သို့ကုတ်တက်နေသည်ကြောင့် သုမာန်ပြန်ချီသော်လည်းမရ။

"ဒယ်ဒီ အေးဆေးစားပါစေ သားရယ်"

"ကို ခွံမယ် "

သားနက္ခကို ကောက်ချီကာ နို့ဆန်ပြုတ်ပန်းကန်ကို သူ့ဘက်ဆွဲယူပြီး တယုတယ
ခွံကျွေးသည်။

"သားနက္ခ က ဒယ်ဒီကျွေးမှစားမှာပေါ့လေ"

"ဒယ့်ကိုချစ်တယ် "

"ဟာ...ဒါဆို မာမီ့ကိုရော "

"မာမီ့ကိုလည်း ချစ်တယ် "

မာမီ့ကိုလည်းချစ်တယ်ပြောကာ လက်တစ်ဖက်က သုမာန်ကိုလှမ်းဖက်နေသည်ကြောင့်သားငယ်ရှိရာသို့ တိုးသွားမိသည်။
သားငယ်ကနစ္စပေါင်ပေါ်ရောက်နေသဖြင့်
သုမာန်နှင့်နစ္စမှာ အလွန်နီးကပ်သွားသည်။
အတိုင်းသားခံစားမိလာတဲ့ ယောက်ျားဆန်
ဆန်ရေမွှေးနံကြောင့် လက်မလေးကိုကုတ်
ဖဲ့မိသည် ။ နစ္စ၏မျက်နှာကိုအသာခိုးကြည့်မိတော့ သားငယ်ကိုမုန့်ကျွေးခြင်းအမှုလောက် ဘယ်အရာကမှအရေးမကြီးဟန် ပကတိတည်ငြိမ်နေ၏။ သုမာန် အောက်နှုတ်ခမ်းကို တစ်ချက်ဖိကိုက်လိုက်ပြီး ကိုယ်ကိုမတ်ကာ သူ့ရှေ့ကကော်ဖီခွက်ကိုယူပြီး ဟန်မပျက်သောက်နေလိုက်သည်။

စိတ်ထဲကခံပြင်းစိတ်ကြောင့်ကော်ဖီခွက်
ကိုင်ထားသည့် လက်မှာတင်းကြပ်ကြပ်။
ဘယ်အချိန်ထိ ဒီလိုခံပြင်းစိတ်တွေနဲ့သူ့ကို
ရှင်သန်ခွင့်ပေးနေမှာလဲ။ သားတောင်
လေးနှစ်အရွယ် ရောက်နေပြီ ရွိုင်းကမာန့်
အပေါ်မှာ အတ္တကြီးလိုက်တာ။မာန်ကလဲ
မိန်းမတစ်ယောက်ရဲ့အကာအကွယ်ဖြစ်တဲ့
မာန်မာနတွေနဲ့သာ နေမြဲနေမှာမို့ မာန်တို့
ကြားမှာ ဒီလိုကိစ္စတွေကိုအမှုန်အမွှား
သာသာပါပဲ။

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now