"ဦးနစ္စ"
"အခု...အခုချက်ချင်း ကျွန်တော့်ဆီလာခဲ့"
တစ်ဖက်မှ ခပ်လောလောပြောလာ
သည့် မျှမ်း၏အသံကြောင့် နစ္စ ရင်ထဲ
တွင် ထိပ်ခနဲဖြစ်သွားမိသည်။
သူရှေ့မှာဒူးထောက်ကျနေသည့်
ကောင်၏ ဆံပင်ကိုဆွဲဆုပ်ထားရာမှ
လွှတ်ချလိုက်ပြီး မျှမ်းကိုအလောတကြီး
မေးလိုက်သည်။"မျှမ်းဘာဖြစ်လို့လဲ"
"ကျွန်တော် နေမကောင်းဘူး"
"ဟုတ်ပြီ...ကိုယ်အခုလာခဲ့မယ်"
နစ္စ ဖုန်းချလိုက်ပြီး နာရီကိုကြည့်
လိုက်တော့ (၁၀) နာရီတောင်ခွဲနေပြီ
ဖြစ်တာကြောင့် သူဘေးမှာရပ်နေတဲ့
စေလင်းရာ အား..."သူတို့လည်း မှတ်လောက်ပြီထင်တယ် လွှတ်ပေးလိုက်တော့"
"ဟုတ်ကဲ့"
"boss!"
သွေးအလိမ်းလိမ်းနဲ့ လဲကျနေတဲ့
ကောင်၏ မျက်ခွက်ကို တည်ကန်
လိုက်တဲ့ boss ကြောင့် လက်လွန်သွား
မည်စိုး၍ စေလင်းရာမှာ boss ၏
လက်ကိုလှမ်းဆွဲရသည်။"ဖယ်စမ်းပါ"
"ဟို...ဖုန်း...ဆက်ထားတယ်လေ
သွားရအုံးမယ်လေ သူတို့ကို
ကျွန်တော်နဲ့ထားခဲ့လိုက်ပါတော့"စေလင်းရာ ဝင်တားလိုက်တော့မှ
boss က 'ဟုတ်သားပဲ' ဟုတစ်ကိုယ်
တည်းရေရွတ်ရင်း အလောတကြီးနှင့်
ဂိုထောင်ထဲမှ ပြေးထွက်သွားလေ၏။"အမလေး"
boss ထွက်သွားမှ ကြမ်းပြင်ပေါ်လဲကျ
နေတဲ့လူက စေလင်းရာ၏ခြေထောက်
ကို အတင်းဖက်တွယ်လာတာကြောင့်
လန့်ကာအော်လိုက်မိသည်။
ရုန်းဖယ်ရင်း ငုံကြည့်လိုက်တော့
ကြေးစားယောင်ယောင် ဘာယောင်
ယောင်သုံးကောင်မှာ လက်အုပ်မချီရုံ
တမယ် သူ့ကိုတောင်းပန်လို့လွှတ်ပေး
ပါရန်ပြောလာသည်။"ဟင်း...boss နဲ့ ပတ်သက်တဲ့လူကို
နောက် သွားမထိနဲ့မင်းတို့
ငါ့လည်းအိပ်ရေးပျက်တယ်""သွားတော့"
သုံးယောက်လုံးကို ခတ်ထားတဲ့
သံကြိုးသော့ကိုဖွင့်ပေးလိုက်တော့
သူ့ကို ကျေးဇူးတင်စကားတောင်
မဆိုနိုင်ဘဲ ပြေးထွက်သွားကြသော
သုံးယောက်ကို ကြည့်ရင်း သက်ပြင်း
ချသံမဆုံးခင် ဒဏ်ရာများကြောင့်
ကောင်းကောင်းမပြေးနိုင်ဘဲ လဲကျ
သွားပုံကို ကြည့်ကာ ခေါင်းခါရမ်းမိ၏။
ŞİMDİ OKUDUĞUN
Romantizm(Unicode) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာန်သဒ္ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မှုမရှိဘဲ သူ့အနားမှာ တစ်သက်လုံး နေပါရစေ။ (Zawgyi) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာနျသဒ်ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မ...