Part...36

4.2K 198 5
                                    

မွန်းကြပ်နေတဲ့ စိတ်အစုံကြောင့်
ပန်းပင်များစုံလင်ပြီး မီးရောင်စုံနှင့်
လှပနေသော ခြံဝန်းကြီး သုမာန်တစ်
ယောက် ခေါက်သို့ခေါက်ပြန် လျှောက်
နေမိသော်လည်း သူမ၏ အတွေးများ
ဟာ ရှင်းလင်းသွားခြင်း၊ခေတ္တမျှအနား
ယူသွားခြင်း မရှိဘဲ ရောက်ယှက်ခတ်
နေဆဲဖြစ်သည်။ အကြောင်းအရာ
မျိုးစုံကို တစ်ပြိုင်နက်တွေးနေရ၍
အခုတလော သူမ မှာ အိပ်မပျော်တဲ့
ရောဂါတောင် စွဲကပ်ချေတော့မည်။

လက်ကိုပိုက်လျက် ကောင်းကင်ကို
မော့ကြည့်ကာ သက်မတစ်ခုကိုရှိုက်
လိုက်သည်။

အခုချိန်မှာ ငါပေါက်ကွဲပြီး သောင်း
ကျန်းလိုက်ရင် ကောင်းမလား။
ဒဲ့တိုးမေးလိုက်ရင်ရော ဗြောင်လိမ်
တာရော...ဗြောင်ကျကျ ဝန်ခံတာမျိုး
ကို ငါကြုံနေရမှာပဲ။ ဒါမဟုတ် မသိချင်ယောင်ဆောင်မြဲ ဆောင်နေပြီး မိန်းမ
တစ်ယောက်မှာရှိသင့်တဲ့ တာဝန်ထပ်
ပိုကျေပွန်ရမလား။
အဲ့လိုလုပ်လိုက်ရင် ငါရဲ့မြင့်မိုရ်မာနတောင်ကြီး ပြိုကျသွားမလား။
မလုပ်ပြန်ရင်လည်း မာနနဲ့အသက်ရှင်
နေတဲ့ ငါ့ကို သူတို့နှစ်ယောက် နောက်
ကွယ်ကနေ လှောင်ရယ်နေမလား။
မေးခွန်းများစွာနဲ့ ငါ့ကိုငါသတ်နေမိတာအကြိမ်ကြိမ်ပဲ။

ထိုစဥ်ခြံထဲဝင်လာတဲ့ ရွိုင်း၏ကား
ကြောင့် သူမလည်း အတွေးများနေ
ခြင်းကို ရပ်တန့်ကာ အိမ်ထဲဝင်ရန်လျှောက်သွားလိုက်သည်။ ကားပေါ်မှ
ဆင်းလာသည့် ရွိုင်း က ရုံးဆင်းချိန်ပြီးသည်နှင့် တန်းပြန်လာခဲ့ပုံရပေမယ့် ထူးခြားစွာ ပြုံးနေလေသည်။
ရွိုင်း မျက်နှာမှ အပြုံးကြောင့် သူမ
အံကြိတ်မိသလို မျက်ဝန်းများကလည်း
ဒေါသ၏ အခိုးအငွေ့များကြောင့်
စူးရဲလာသည်။

အရင်နေ့များကဆို ပြိုလဲနေလိုက်တာ
ဒီယောက်ျားက အခုတော့တစ်ယောက် တည်း ပြုံးနေလိုက်တာများ တဖြေး​ဖြေး အနားရောက်လာနေတဲ့ သူမကိုတောင် သတိထားမိတဲ့ပုံမပေါ်။

ရှင်သိပ်ရက်စက်တာပဲ။ ကျွန်မလို
မိန်းမကိုဖယ်ခွာပြီး ဘာမဟုတ်တဲ့
လူတစ်ယောက်နဲ့ ဖြစ်ချင်တာဖြစ်နေ
တယ်။ ရှင်ပျိုးထောင်ထားတဲ့ မာန၊
အသက်ဆက်နေတဲ့ အရှက်တရား
တွေ၊ ဆောင်းထားတဲ့ သိက္ခာသရဖူ
ကိုမှ အားမနာနိုင်အောင် ရှင် တော်
တော်မွှန်နေပါရောလား။ ရှင့်အစား
ကျွန်မရှက်လွန်းလို့ ခေါင်းကိုမြေကြီး
ထဲသာ ထိုးစိုက်ထားလိုက်ချင်တယ်။
တကိုယ်ကောင်းသမားရယ်။

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Dove le storie prendono vita. Scoprilo ora