Part...41

4.1K 198 17
                                    

ရွိုင်းနဲ့အတူ အိမ်ထဲဝင်လာတဲ့သား၏
လက်ကိုဆွဲကာ သုမာန်က သူမဘက်
သို့ ရောက်စေလိုက်ပြီး ရွိုင်းကိုလည်း
ဒေါမာန်အပြည့် မီးဝင်းတောက်နေ
သော မျက်ဝန်းများနှင့် ကြည့်သည်။
တင်းတင်းစေ့ပိတ်ထားသော နှုတ်ခမ်း
မှာလည်း တဆတ်ဆတ်တုန်ရီလို့
သူမ၏ဒေါသစိတ်ကို ဖော်ပြနေသည်။

"ရှင် တရားလွန်မလာနဲ့နော်"

"မင်းမရှိလို့ ငါ့သားကိုခေါ်သွားတာ
ဘာဖြစ်လဲ"

"တောက်ခ်...ကျွန်မ ကိစ္စရှိလို့အပြင်
သွားတာ ကလေးကမနိုးသေးလို့
ထားခဲ့တာက ရှင်နဲ့ ရှင့်အငယ်နှောင်းဆီ
ကလေးကို ထိုးပေးခဲ့တာမဟုတ်ဘူး"

"မာန်...မင်းနဲ့စကားမများချင်ဘူး
ကလေးအရှေ့မှာ စကားပြောဆင်ခြင်
ပေးပါ"

သားရှိနေတာကြောင့် မာန်ကအသံကို
ထိန်းပြောနေသော်လည်း စကားလုံး
များက ရင့်သီးနေ၍ နစ္စလည်း ဆက်
မပြောတော့ဘဲ သား၏လက်ကိုလှမ်း
ဆွဲလို့ခေါ်ကာ အပေါ်ထပ်သို့ဦးတည်
လိုက်သည်။ သို့ပေမယ့် မာန်၏ဒေါသ
များက မငြိမ်းသေးဘဲ သူ့အနောက်
လိုက်လာကာ ပခုံးကိုဆုပ်ကိုင်လို့
ဆွဲလှည့်သည်။

"ကျွန်မကိုကျတော့ စကားပြောဆင်
ခြင်ခိုင်းပြီး ရှင်ကရော ရှင့်လုပ်ရပ်
တွေကို မဆင်ခြင်နိုင်သေးတာ
ဘာသဘောလဲ ရှင်ဒီလိုပဲဆက်သွား
တော့မှာလား ဟမ်"

နစ္စက သက်ပြင်းတစ်ခုရှိုက်ရင်း
မျက်လုံးအဝိုင်းသားနဲ့သူတို့ကိုမော့
ကြည့်နေတဲ့သား၏ ပခုံးမှကိုင်ကာ
ဖက်လိုက်ပြီး မျက်လုံးကိုလည်း
သူ့လက်ဖဝါးနှင့် အသာဖိအုပ်ထား
လိုက်သည်။

"နောက်မှပြောပါ တောင်းဆိုတာပါ"

သုမာန်အား တောင်းပန်တိုလျိုသော
အသံနှင့်ဆိုမိတော့ တောက်ခတ်ကာ
ဧည့်ခန်းဘက်သို့ လှည့်ထွက်သွားလေ
သည်။

နစ္စလည်း သားကိုချီလိုက်ပြီး အခန်း
ထဲသို့ ဝင်လာခဲ့သည်။ အခန်းထဲ
ရောက်တော့ သားက သူ့မျက်နှာကို
လက်သေးသေးလေးဖြင့် ထိတွေ့လာ
ပြီး ငိုမဲ့မဲ့မျက်နှာနှင့် ကြည့်လာ၏။

"ဒယ်...ဒီ"

"အင်း"

"မာမီက ဘာဖြစ်တာလဲဟင်
ဒယ်ဒီကိုဆူနေတယ် ကြောက်စရာကြီး"

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now