" ခွပ် "
ပါးစောင်ထည့်ထည့်ကို ထိုးချခံလိုက်ရတဲ့
လူမှာ လှည်ထွက်သွားသည့်မျက်နှာနဲ့အတူ
ပြင်းလွန်းလှတဲ့ထိုးချက်ကြောင့်မြေပြင်ပေါ်သို့ ပုံပျက်ပန်းပျက်လဲကျသွားသည်။
နာကျင်လွန်းနေသည့် ပါးစောင်ကိုအုပ်ကိုင်
ကာ ချက်ခြင်းတောင်ပြန်မထနိုင်။
ကွဲအက်သွားတဲ့သွားဖုံးမှ သွေးများကိုထွေးထုတ်ရင်း လက်သံပြောင်လွန်းတဲ့ကောင်ကို စူးစိုက်လို့မော့ကြည့်သည်။"ယက္ခ မင်းသေဖို့သာပြင်ထား "
"ဘာလဲ ပျဉ်ဖိုးစိုက်ပေးမလို့လား "
ခါးထောက်ရင်း ခေါင်းကိုမော့လျက်
ခပ်လှောင်လှောင်ရယ်နေတဲ့ ယက္ခ က အဝေးမှ ပြေးလာနေသည့် ခြေသံများကြောင့် သူ့နှာခေါင်းထိပ်ကို လက်ညိုလေး ကွေးလို့ ပွတ်ရင်းမြေပြင်ပေါ်လဲနေသည့်ကောင်ပေါ်မှ ခွကျော်လိုက်ပြီး သူ့ဆီပစ်သွင်းလာတဲ့ လက်သီးချက်အား မျက်နှာထက်မရောက်မီအချိန်မှီဖမ်းယူလိုက်သည်။သူ့လူတွေလာပြီဖြစ်တာကြောင့် အားမာန်
တက်သွားတဲ့ကောင်မှာ မြေပြင်ပေါ်မှကုန်း
ထချင်နေတာကြောင့် ဘယ်ခြေထောက်ဖြင့် နောက်ပြန်ကန်ရင်း ဖမ်းဆုပ်ထားတဲ့လက်တစ်ဖက်ကိုလည်းလိမ်ချိုးပစ်လိုက်သည်။ ရောက်လာတဲ့လူနှစ်ယောက်မှာ
သူ့ကိုသာ ဦးတည်တိုက်ခိုက်နေသော် လည်း ယက္ခ ကတော့ ထိခိုက်မှုတစ်စုံ
တစ်ရာမရသေး။ နှစ်ယောက်တစ်ယောက်လောက်အေးဆေး ဆော်နိုင်တဲ့ သူ့အဖို့ ထွေထူးပြီး မှု့နေစရာမရှိ။"မျှမ်းယက္ခသွေး ! "
သူ့နာမည်အပြည့်စုံကို ကုန်းအော်ရင်းအနားသို့ရောက်လာသည့် သူငယ်ချင်းကြောင့်ဖြစ်နေဆဲရန်ပွဲမှာပို၍အသက်ဝင်သွားသလို။ သိသာစွာအရေးနိမ့်နေတဲ့ ကောင်တွေမှာလည်း သူတို့လူအား အပြန် အလှန်ဆွဲထူကာ လစ်ခနဲထွက်ပြေးသွားကြပြီဖြစ်၏။
"မင်းကလည်း ငါ့ကိုတောင်မတီးခေါက်ဘူး တစ်ဗွေထဲ လူစွာလုပ်နေတယ်"
"လူစွာလုပ်ဖို့နေသာသာ မင်းရောက်လာ
တာနဲ့ ဟိုကောင်တွေက လစ်ကုန်ပြီ ""ငါ့ကိုသိပ်ကြောက်သွားပုံရတယ် "
မျက်နှာကိုခပ်ဝံ့ဝံ့လုပ်ပြနေတဲ့ ရောင်လွင်ကို အရေးမစိုက်ဘဲ ရှေ့ကထွက်လာပြီး
သူနဲ့ လိုက်ဖက်လွန်းတဲ့ နဖူးထက်က
Head band အနီရောင်လေးကိုဆွဲချွတ်
လိုက်သည်။ coral orange ရောင်ဆိုးထားတဲ့ ဆံပင်များထိုးဖွနေမိတုန်း လက်ထဲက Head band ကိုဆွဲလုသွားပြီးပြေးသွားတဲ့ ရောင်လွင်ကြောင့် အနောက်ပြေးလိုက်ရသည်။
![](https://img.wattpad.com/cover/314700493-288-k524756.jpg)
YOU ARE READING
Romance(Unicode) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာန်သဒ္ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မှုမရှိဘဲ သူ့အနားမှာ တစ်သက်လုံး နေပါရစေ။ (Zawgyi) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာနျသဒ်ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မ...