Part...4

7.6K 399 11
                                    

နစ္စ သူ့ရှေ့ကဖိုင်တွဲကိုလှန်နှောကြည့်နေ
ပေမယ့် စိတ်အစုံကတော့ ကောင်ဆိုးလေး
ဆီကိုသာရောက်နေသည်။
တကယ်ကိုဒေါသကြီးတဲ့ကောင်လေးက
သူ့မျက်လုံးထဲတွင် အသဲယားစရာအတိ
ဖြစ်နေသည်။ ယက္ခ ၏ပင်ကိုပုံစံလေးက
အမှန်တကယ် ရိုးရှင်းလှကြောင်း စကား ပြောခဲ့သည့်ခဏတာအတွင်း ခန့်မှန်းမိပါ၏။ ယက္ခ မကြိုက်သောစနောက်မှုမျိုးနဲ့ သူက မထိတထိစမိတော့ ချက်ခြင်းပြောင်းလဲသွားတဲ့ကောင်လေးရဲ့ပုံစံဟာ သူ့ကိုအသဲယားစေသည်။ အနောက်မှသိုင်းဖက်လိုက်မှုကြောင့် ယက္ခ၏နားရွက်သေးသေးကိုအနီးကပ်မြင်ခဲ့ရသည်။
နားတစ်ဖက်ထဲတွင်သာကွင်းသေးသေးလေးနှစ်ခုတပ်ထားပေမယ့်နားရွက်နှစ်ဖက်လုံးတွင် အပ်ပေါက်ရာသေးသေးလေးတွေ အများကြီးကိုတွေ့ခဲ့ရသည်။

ကိုယ်ရဲ့မျှမ်းက တကယ်ကိုဂျစ်ပစီဆန်ဆန် ခပ်မိုက်မိုက်ကောင်လေးမှန်းသိပေမယ့် ကိုယ့်အတွက်တော့ တကယ်ကိုအသဲယားစရာအကောင်ပေါက်လေးလိုဖြစ်နေခြင်းက အဘယ်ကြောင့်လဲ။ အများကြီးတော့ အဓိပ္ပါယ်မဖွင့်ဆိုချင်သေးဘူး။
ဒီတော့ အရိုးရှင်းဆုံးစကားလေး တစ်ခွန်း
ပဲဆိုပါရစေ။

ကိုယ်မင်းကိုစိတ်ဝင်စားတယ် မျှမ်း။

ဂျောက်ခနဲပွင့်သွားတဲ့ တံခါးသံအတူအခန်းထဲသို့ဝင်လာသည့် ဒေါက်ဖိနပ်သံကြောင့် နစ္စ အတွေးစကိုဖြတ်လိုက်ပြီး မျက်ခုံးတန်းတို့စုကျုံ့မိသည်။အခုဝင်လာတဲ့ သူကသူ့ရဲ့အိမ်သူ တရားဝင်ဇနီးမယားသုမာန်သဒ္ဒါ ဖြစ်နေပါသော်လည်း ဒီလိုမျိုး လက်လွှတ်စပယ်ဝင်လာခြင်းမျိုးကို ဘဝင်မကျရိုးအမှန်ပင်။

ဘယ်လိုပဲသက်ဆိုင်သူဖြစ်နေပါစေ
အခုကလုပ်ငန်းခွင်ရောက်နေတာလေ။
အခုနေသူများ အခြားလုပ်ဖော်ကိုင်ဖက်
တစ်ယောက်နဲ့ စကားပြောနေခဲ့ရင်ရော။
ဒီလိုဝင်လာခြင်းမျိုးက သင့်တော်သည်ဟု
ဆို၍မရ။ မာန်ဆိုတဲ့သူရဲ့ဇနီးကသိပ်ကို
ထက်မြတ်ပြီးအရာရာမှာပြည့်စုံနေတဲ့မိန်းမလှလေးတစ်ဦးဖြစ်နေခြင်းက ပိုင်ဆိုင်ရသူ နစ္စ အတွက် လူတကာ၏ အားကျခြင်းကို ခံရသော်လည်း မာန်ရဲ့တစ်ချို့သောအပြုအမှုတွေကို သူအမှန်တကယ်မကြိုက်ပါ။

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now