Part...42

4.2K 214 9
                                    

ယက္ခ တစ်ကိုယ်တည်းလမ်းလျှောက်
လာရင်း တဆစ်ဆစ်နဲ့ ထိုးကိုက်နေ
သောဦးခေါင်းကြောင့် ရောက်ရအရပ်
မှာသာ ခြေစုံရပ်လိုက်မိသည်။
သူ့လွယ်အိတ်ထဲမှ ဦးနစ္စထည့်ပေး
ထားသည့် ရေဘူးနဲ့ ဆေးကတ်ကို
ထုတ်လိုက်ပြီး မသောက်ချင်သောက်
ချင်နဲ့ ထုတ်သောက်လိုက်ရသည်။

ဦးနစ္စ က ချိန်းထားတဲ့နေရာမှာရောက်
နေကြောင်း sms ပို့ထားသည်လေ။
သူလမ်းမှာကြာနေလို့ မဖြစ်တော့ဘူး။
ဒီလူကြီးကလည်း မနက်ကမှ သူ့အိမ်
ကနေ ပြန်သွားတာ အခုညနေစောင်း
တော့လည်း ထပ်ချိန်းပြန်ပြီ။
ဒီနေ့ညမှာ မိုးမြေရဲ့အကူအညီနဲ့
သူအလုပ်အသစ်တစ်ခုရထားတော့
ဦးနစ္စ နဲ့ မြန်မြန်တွေ့ပြီး ပြန်လွှတ်ဖို့
တွေးထားလေသည်။
နောက်မဆို ဘာလို့အလုပ်သစ်ပြောင်း
လုပ်တာလဲ ဘာညာ အမေးတွေများ
နေနိုင်သည်။ ဖြေရှင်းတွေပေးဖို့လည်း
ဦးနှောက်ကို အလုပ်မပေးချင်သေးပါ။

"မြင်ရတာ စိတ်မချမ်းသာလိုက်
တာကွယ် ဒဏ်ရာကြီးငယ်နဲ့"

ရေဘူးကိုလွယ်အိတ်ထဲပြန်ထည့်ရင်း
မှ ကြားလိုက်ရတဲ့အသံကြောင့် ယက္ခ
က သူ့ရှေ့က မိန်းမအား မော့ကြည့်
လိုက်တယ်။

သူ့ကိုပြောလာသည့်စကားမှာ ပါဝင်
နေတဲ့ ဝေါဟရကသူ့အတွက် စိတ်မကောင်းဟန် ဖြစ်နေပေမယ့် ပြောနေ
သည့်လေသံမှာတော့ ရယ်သံနှောလို့
သူအဖြစ်ကို သရော်နေမှုကို ရွံစရာ
ကောင်းလောက်အောင် ခံစားနေရ
ကြောင့် ယက္ခ လည်း ရွံရှာမှုများ
ပြည့်နှက်နေသောအသွင်နှင့်
နှုတ်ခမ်းကို မဲ့လို့ကြည့်လိုက်သည်။

"အဖွားကြီး"

သူ့အကြည့်ကို သဘောပေါက်သွားတဲ့မိန်းမကြီးမှာ မပြုံးနိုင်တော့ဘဲ အမူ
အယာပျက်သွားပေမယ့် မလျော့သော
မာန်များနှင့်ချက်ခြင်း ထိန်းသည်။

တော်တော်မခေတဲ့ မိန်းမတွေ။

"မင်းအလုပ်ကိုင်အဆင်ပြေရဲ့လား
မောင်ရင်"

"အော်...သိပ်တော့မပြေဘူးဗျာ
အယုတ်တမာစိတ်ဓာတ်နဲ့ ကောက်
ကျစ်စင်းလဲတဲ့ လူတစ်ချို့က
နှောင့်ယှက်နေပုံပဲ"

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now