Part...8
6K 325 28
မိုးမြေရောက်လာသည်နှင့် ရောင်လွင့်ကိုခေါ်ပြီး ဇော်ထက်တို့ အိမ်ကိုသွားကာတောင်းပန်ကြောင်းပြောရင်း ဆေးခန်းဖိုးပါရှင်းပေးလိုက်သည်။အမြဲလိုလိုရန်ဖြစ်တတ်သည်ကြောင့် ဇော်ထက်၏အမေဖြစ်သူမှာလည်း ထွေထူးပြီးဒေါသထွက်ခြင်း
မရှိ သူ့သားကိုသာဖိဆူနေသည်။
ဇော်ထက်သူငယ်ချင်း၏ အမေကတော့ ပြဲလန်နေအောင်ရန်တွေ့နေသဖြင့်
ရောင်လွင်နှင့် ထသတ်တော့မည့် အရိပ်ခြေမြင်ကာ မိုးမြေ က ခေါင်းကိုတဗျင်း
ဗျင်းကုတ်နေသည်။
"အဲ့လိုလုပ်ချင်တိုင်းလုပ်လို့ ရမလား
ငါ့သားလေး မသေတာကံကောင်း
တစ်ယောက်တည်းကို ဝိုင်းလုပ်ကြတာ"
WTF!အဲ့တာဘာစကားလဲ။တကယ်ဆို
သူ့သားဘက်ကသုံးယောက်တောင်လေ။
ယက္ခကသာ တစ်ယောက်တည်း။
"အန်တီစကားကို မျမျှတတပြောနော်
အန်တီ သားတို့က သုံးယောက်တောင်
ကျွန်တော့်သူငယ်ချင်းကသာ တစ်ယောက်
တည်း ကိုယ့်သားကိုယ် ပြန်မေးကြည့်"
"အမလေး တစ်ယောက်တည်းမို့လို့သာ
ငါ့သားမျက်နှာကိုလည်းကြည့်အုံး
စုတ်ပြတ်သတ်နေတာပဲ "
ပြန်ပြောရန်ပြင်နေသည့် ရောင်လွင့်လက်
ကို မိုးမြေ ဆုပ်ကိုင်လိုက်တော့ သူ့အား
လှည့်ကြည့်လာတာကြောင့် ခေါင်းခါပြလိုက်သည်။ စိတ်ပျက်သလိုတစ်ဖက်လှည့်သွားတဲ့ ရောင်လွင် မှာ သက်ပြင်းတချချနှင့် ဒေါသကိုထိန်းချုပ်နေသည်။
"တောင်းပန်ပါတယ်ဗျ ဆေးဝါးစရိတ်လည်း ကျွန်တော်တို့ဘက်က အစအဆုံးတာဝန်ယူပါတယ် ကျွန်တော့်သူငယ်ချင်းဘက်ကလည်းထိခိုက်မှုတွေရှိပါတယ်
အန်တီီတော့ ဒီကိစ္စကိုဒီလောက်နဲ့ပဲအဆုံးသတ်ရအောင် "
မိုးမြေ၏စကားစကားကြောင့်ရောင်လွင်ကခိုးပြုံးသည်။ယက္ခလည်းထိခိုက်မိတယ်ဆိုပဲ။ သူများကိုမတရားထိုးရုံမက ကြမ်းပြင်ကိုပါ သူ့ပထွေးအမှတ်နဲ့ထိုးပြီး လက်ဆစ်တွေကွဲကုန်တာများ။ ပြုံးမိရင်းမှ သူ့ရှေ့ကမိန်းမ၏ ပြောစရာကောင်းကြောင့် တောက်ခတ်မိသည်။
ဒီလောက်တောင်းပန်နေတာကို ဒီမိန်းမဘာဖြစ်ချင်နေတာလဲ။
"ကာယာကံရှင်ကိုယ်တိုင်က မတောင်းပန်
ဘဲ ငါကကြေအေးပေးစရာလား ဆေးဖိုးပေးတိုင်းရရိုးလား မင်းတို့ သူငယ်ချင်းလူရမ်းကားကို လာတောင်းပန်းခိုင်း "