သူ့လက်ထဲမှာတင် မိခင်က အသက်
ဆုံရှုံးသွားသလို ဖခင်ဖြစ်သူကလည်း
အကျဥ်းထောင်ထဲ ရောက်တာတောင်
သံဝေဂမရနိုင် အငယ်အနှောင်းကို
သာ တမ်းတနေခဲ့သည်။ ရှိသမျှ
ပိုင်ဆိုင်မှုများကိုလည်း အပျော့ဆွဲနဲ့
ရအောင်သိမ်းပိုက်ပြီး ထောင်ဝင်စာ
တစ်ချက်တောင် လာမတွေ့တော့တဲ့ ပိုင်းလုံးသားအမိ၏ စိတ်နဲ့ပဲ စိတ်
ထောင်းကိုယ်ကျေ နောက်ဆုံးအသက်
ပါဆုံးရှုံးသွားသည့် အဖေ ဖြစ်သူကို
ယက္ခ လွန်စာမုန်းတီးခဲ့သည်။
အမေမရှိတော့တဲ့နောက်ပိုင်း အဒေါ်
ဖြစ်သူနဲ့သာ သူနေထိုင်ကြီးပြင်းခဲ့
ရသည်။အဒေါ်ဆုံးပါးသွားပြီး နောက်ပိုင်း
သူဟာ တစ်ကောင်ကြွက်ဘဝမှာ
နေသားကျခဲ့ပြီးမှ ဦးနစ္စ ဆိုတဲ့လူတစ်ယောက်ရောက်လာပြီး အနေထိုင်နေတဲ့
သူ့ဘဝကို အချစ်ဆိုတဲ့အရာနဲ့ မွှေ
နှောက် ကျီစားခဲ့ပြန်၏။ကိုယ်ဟာ ယောက်ျားတစ်ယောက်ပင်
ဖြစ်လင့်ကစား ဘဝထဲရောက်လာတဲ့
သူစိမ်း ယောက်ျားတစ်ယောက်ကို
ပတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်း
အားလုံးကို ရင်ဆိုင်ပြီး ချစ်လိုက်ပြီးမှ၊
သူ့နှလုံးသားလေးနဲ့ ဘဝမှာပထမဆုံးနဲ့ နောက်ဆုံးဆိုတဲ့ အချစ်မျိုးကို ပေးလိုက်ပြီးမှ...ဒီယောက်ျားဟာ အနှောင်အဖွဲ့
များနဲ့ လူတစ်ယောက်ဖြစ်နေတာ သိခဲ့
ရပြန၏။နှောင်ဖွဲ့ထားသူတွေကလည်း သူ့ဘဝကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင်လုပ်ခဲ့ကြ
သူတွေ။ သူ့အမေရဲ့မျက်ရည်တွေနဲ့ပျော်ရွှင်မှုကို လဲယူထားတဲ့လူတွေတဲ့လေ။ဘယ်အချိန်ထိ...ဘယ်အတိုင်းအတာ
ထိများ သူ့ဘဝကို နှောင့်ယှက်နေကြ
အုံးမှာလဲ။ သူ အမုန်းဆုံးသော ဒီမိန်းမ
နှစ်ယောက်နဲ့ ကင်းလွှတ်ရာဆိုတာ မရှိတော့ဘူးလား။ သူ့အတောင်းတဆုံးသော ဆုတစ်ခုကတောင် ဒီမိန်းမတွေရဲ့
ပိုင်ဆိုင်နေမှုတဲ့လား။ဘုရားသခင်ကပဲ ကစားကွက်တွေ
ပြောင်မြှောက်လွန်းနေသလား။
ကံတရားကပဲ သူ့ကိုမေ့ထားပြီး
ကြမ္မာ က သူ့ကိုလှောင်ပြောင်နေ
သလား။ အမေးတော့ရှိရပေတော့
မည်။ သူ့မှာ ထိချက်တွေအရမ်းပြင်း
နေပြီလေ။ ခံနိုင်ရည်ထက်ကို အများ
ကြီး ပိုလွန်းနေပြီ။
YOU ARE READING
Romance(Unicode) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာန်သဒ္ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မှုမရှိဘဲ သူ့အနားမှာ တစ်သက်လုံး နေပါရစေ။ (Zawgyi) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာနျသဒ်ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မ...