"ယောက်ျားတစ်ယောက်နဲ့တဲ့လား"
သုမာန်နှုတ်ကနေ ခပ်တိုးတိုးရေရွတ်
ရင်း ရပ်နိုင်စွမ်းမရှိတော့တဲ့ ခြေတစ်
စုံကြောင့် ထိုနေရာမှတင် ထိုင်ချလိုက်
မိ၏။ လွှတ်ကျတဲ့ဖုန်းကြောင့်တစ်ဖက်
က လူမှာလည်း သူမအသံကိုမကြား
တော့သဖြင့် ဆက်မပြောတော့ဘဲ
call end သွားလေသည်။သူမ၏ လင်ယောက်ျားနဲ့ ပတ်သက်ဆက်နွယ်နေသူဟာ ယောက်ျားတစ်ယောက်သာဖြစ်နေကြောင်းများဟာ
တစတစနှင့် သူမရဲ့နားထဲ ကျယ်လောင်
စွာကြားလာရသည်ကြောင့် တုန်ခါ
လာသည့်နားစည်နှစ်ဖက်ကို ဖိအုပ်ရင်း
ခေါင်းခါရမ်းမိသည်။သူမသိပ်ကို တုံးအပြီး ညံ့ဖျင်းခဲ့တာပဲ။
ရွိုင်း က အစောထဲက ကောင်လေး
တစ်ယောက်နဲ့ ပတ်သက်နေကြောင်း
ပြောခဲ့ဖူးတယ်။ အဲ့ဒီကောင်လေးရဲ့
အဝတ်အစားတွေ ဝတ်လာတတ်သလို
အဲ့ဒီကောင်လေးကြောင့်ပဲ ရန်တောင်
ဖြစ်ခဲ့သေးသည်ပဲ။ ဒါကို သူမလို
ထက်မြက်လှပါပြီရဲ့ ဆိုတဲ့ မိန်းမက
မရိပ်မိဘဲ...ဒီကောင်လေးကသာ
ဖောက်ပြန်တက်ဖို့ မြှောက်ပေးခဲ့သူလို့
ပြစ်တင်ဝေဖန်ခဲ့မိတာ။တကယ်တမ်းတရားခံက အဲ့ဒီကောင်
လေး ဖြစ်နေတာကို ဒီကောင်မက
ပိန်းအ ထုံထိုင်းပြီး မသိခဲ့တာဘဲ။
ရှက်ဖို့ကောင်းလိုက်တာ သုမာန်သဒ္ဒါ
ရယ်...ရှက်ဖို့ကောင်းလိုက်တာ။"ငါသိပ်ညံ့ခဲ့တယ် သိပ်ညံ့ခဲ့တာပဲ"
"ငါမိန်းမတစ်ယောက်အနေနဲ့ ဘာတွေ
များ တာဝန်မကျေခဲ့လို့လဲ"စီးကျလာတဲ့မျက်ရည်များဟာ သူမဘယ်လောက်ပဲသုတ်ဖယ်နေပါစေ
စီးကျနေမြဲသာဖြစ်နေ၏။"နင်မရူးနဲ့တော့ သုမာန်သဒ္ဒါ"
ထိုမျက်ရည်များဟာ နောင်တတရား
ကြောင့် ကျဆင်းလာခြင်းမျိုးမဟုတ်ဘဲ မခံချင်စိတ်ကြောင့် သူမကိုယ်သူမ
အားမလိုအားမရဖြစ်ကာ ကျဆင်း
လာခြင်းမျိုးသာဖြစ်၏။မျက်ဝန်းထဲတွင်လည်း ဒေါသမီးလျှံများဟာ တဟုန်းဟုန်းနဲ့တောက်လောင်လာသည်။
မိန်းမ မကလို့ ယောက်ျားတစ်ယောက်
ဖြစ်နေပါစေ သူမ ဘယ်တော့မှ
မရှုံးစေရဘူး။ ဘယ်လိုနည်းလမ်း
မျိုးနဲ့မဆို အနိုင်ရသူက သူမသာလျှင်
ဖြစ်ကိုဖြစ်ရမည်။
ESTÁS LEYENDO
Romance(Unicode) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာန်သဒ္ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မှုမရှိဘဲ သူ့အနားမှာ တစ်သက်လုံး နေပါရစေ။ (Zawgyi) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာနျသဒ်ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မ...