Part...5

6.6K 354 20
                                    

သူ့ရှေ့ကိုချပေးလာသည့် cocktail ခွက်
လေးအား barcounter ပေါ်မရောက်ခင်
နစ္စ လှမ်းယူလိုက်သည်။ ခပ်ဝါဝါမီးအလင်းရောင်အောက်မှာမြင်နေတဲ့ လက်ချောင်းသွယ်သွယ်လေးကို တမင်
ထိချင်၍ပြုမှုလိုက်ရာ မျှမ်းယက္ခသွေး
ဆိုတဲ့ကောင်ဆိုးလေးကဆတ်ခနဲလက်ကိုရုတ်သွားပြီး အဝတ်ဖြူဖြူ နှင့်သူထိတွေ့
မိရာလက်ချောင်းလေးတွေကို သုတ်နေရင်း စူးစိုက်ကြည့်လာသည်။ ခဏအကြာမှာတော့ အကြည့်တို့ကိုဖယ်ခွာသွားပြီး
သူ့အလုပ်ကိုသူ ဆက်လုပ်နေသည်။

နစ္စကတော့ သူ့ရှေ့က ဖန်ခွက်လေးကိုယူ
ကာ ကောင်ဆိုးလေးဖျော်စပ်ပေးသည့်
cocktail အရသာအားမြည်းစမ်းလိုက်
သည်။ လျှာဖျားပေါ်ရောက်လာတဲ့အရသာကြောင့် ယက္ခ အား ကြည့်လိုက်တော့ မျက်စံတို့ထောင့်ကပ်ကာ သူ့ကိုအကဲခတ်နေပုံရသည်။ လက်ထဲကခွက်လေးအား တစ်ချက်တည်း မော့သောက်လိုက်တော့ ခပ်စစလေးပြုံးယောင်သန်းသွားတဲ့နှုတ်ခမ်းလေးကြောင့် နစ္စ ပါးစောင်ကိုလျှာဖြင့်ထိုးရင်း couterကို လက်ညိုးလေးကွေးကာလက်ဆစ်ဖြင့်နှစ်ချက်ခေါက်လိုက်သည်။

သူ့ကိုလှည့်ကြည့်လာတဲ့ကောင်လေးမှာ
ခွက်အလွှတ်လေးကို သိမ်းသွားပြီး
နောက်ထပ်ပြင်းရှသော cocktail တစ်
ခွက်ကို ဖျော်စပ်ရန်ပြင်နေသည်။

ယက္ခ သူ့ကိုစပ်ပေးတဲ့အရသာပြင်းရှရှလေးမှာ ခပ်ပြင်းပြင်းအနံလေးကြောင့်ပြည့်စုံလွန်းနေသည်။ shake လုပ်နေတဲ့
ယက္ခ၏ပုံစံကို မျက်တောင်မခတ်တမ်းငေးစိုက်ကြည့်ရင်း ဖျော်စပ်ပေးသမျှအရသာမှာမည်မျှပင်ပြင်းရှနေပါစေ
ရွိုင်းနစ္စရန် အတွက်သူ့အရှေ့က bartender boy လေးလောက် ယစ်မူးဖွယ်မကောင်းပေ။

ညအချိန်ထဲရောက်ပြီဖြစ်တာကြောင့်
bar အတွင်းရောက်လာသူများမှာတဖွဲဖွဲနဲ့
များလာလေပြီ။ နစ္စကတော့ bartender
ကောင်လေးအရှေ့မှလွဲရင်အခြားနေရာ
သို့ သွားရန်စိတ်ကူးရှိမနေ။ က္ခ၏အလုပ်ချိန်မှာ ညနေ (၆) မှာ ည (၉) အထိသာ
ဖြစ်ကြောင်း နစ္စ သိပြီးသားဖြစ်၏။

ယက္ခကတော့ သူ့ရှေ့ကနစ္စ၏ လက် ကောက်ဝတ်မှနာရီကို မသိမသာလှမ်းကြည့်သည်။ အခုကအချိန်အားဖြင့် (၈) နာရီတောင်ထိုးပြီပြီးဖြစ်တာကြောင့် အလုပ်ဆင်းတော့မည် ဖြစ်သော်လည်း လေပူတစ်ချက်မှုတ်ထုတ်မိသည်။
အရင်နေ့ကဆို ဒီလိုအချိန်မှာ လူအရမ်း
မများသော်လည်း ဒီနေ့တော့ပို၍စည်း
ကားနေပုံရသည် ။ လူများရင်အလို
လို စိတ်အိုက်တတ်၍ ပိုက်ဆံပိုရသည့်
ညည့်နက်ပိုင်းမှာ တောင်မလုပ်ဖြစ်။
အခုပိုဆိုးသည်ကဘယ်လောက်ကြာအောင်ထိုင်ကြည့်ဖို့ ရည်ရွယ်ထားမှန်း
မသိတဲ့ ရှေ့လူကြီးကြောင့် အနေခက်
လှပြီဖြစ်၏။

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now