Part...9

5.5K 315 12
                                    

ရပ်ထားသည့် ကားနေရာရောက်တော့
ကားတံခါးကို ဆောင့်ဖွင့်ကာ ယက္ခကို
ကားထဲဝင်ထိုင်စေသည်။မောင်းနှင်သူနေရာမှာ နစ္စ ဝင်ထိုင်ပြီးသည်တိုင် အသက်ရူသံမှာ ခပ်မြန်မြန်ထွက်နေဆဲဖြစ်သည်။ နှုတ်ခမ်းတစ်ချက်သပ်လိုက်ပြီး သူ့ဘေးကငြိမ်သက်နေတဲ့ကောင်လေးကို လှည့်ကြည့်လိုက်ချိန် နစ္စ ၏ မျက်ညိုဖျော့ဖျော့မျက်စံတို့မှာလှုပ်ခတ်သွားသည်။ သူ့ဘေးကကောင်လေးဟာ တဆတ်ဆတ်တုန်ရီနေသော နှုတ်ခမ်း
လေးကို ထိန်းချုပ်ရင်း မျက်နှာတစ်ပြင်လုံးရဲတက်ကာ လည်ပင်းတစ်လျှောက်အကြော စိမ်းများတောင်ထောင်ထနေပြီဖြစ်၏။ ပတ်တီးအဖွေးသားနှင့် လက်လေးမှာလည်းအငြိမ်မနေ လက်သည်းထိပ်လေးတွေကိုကုတ်ဖဲ့နေသည်။ တဖျတ်ဖျတ်ခတ်နေသော
မျက်တောင်ရှည်တို့ရှည်တို့မှာလည်း ဂနာမငြိမ်။ ဒီကောင်လေးက ငိုချင်နေသည့်စိတ်ကို အစွမ်းကုန် ထိန်းချုပ်နေသည်ပဲ။

နစ္စလည်း လက်ကောက်ဝတ်လေးကိုအားဖြင့်ဆွဲယူလိုက်တော့ သူ့ရှိရာဘက်ကိုယိုင်ကျလာသည့်ကောင်လေးရဲ့မျက်နှာ
ကိုသူ့ပခုံးထက်အပ်စေလိုက်သည်။
ရုန်းထွက်ဖို့ ကြိုးစားနေသည့်ကောင်လေး၏ကိုခါးကိုဖက်ထားမိသည် ။ လိမ္မော်ဖျော့ရောင်ဆံစများကိုတဖွဖွသပ်ပေးမိတော့ တဖြည်းဖြည်း ငြိမ်ကျသွားပြီး ခဏအကြာမှာတော့ သူရဲ့ မိုးပြာရောင်ရှပ်လေး၏ပခုံးစွန်းလေးမှာစိုစွတ်လာသည်ကို ခံစားမိလာသည်။ သက်ပြင်တိုးတိုးရှိုက်ရင်း ကျောပြင်ငယ်ကိုတဖွဖွသပ်ပေးနေတုန်း ထိန်းချုပ်ထားရင်းမှ မခံနိုင်လို့ထွက်ကျသည့် ငိုသံသဲ့သဲ့ကြောင့် နစ္စ ၏ ရင်တစ်စုံမှာ တင်းကြပ်လာသည်။

မင်းငိုသံသဲ့သဲ့က ငါ့အပေါ်ထိုမျှလောက်
သော လွှမ်းမိုးမှုရှိသည်တဲ့လား။
ကိုယ်နားမလည်နိုင်တော့ဘူး မျှမ်း။

ယက္ခမှာတော့ သူကိုယ်သူတောင်သတိမ
ထားမိ ရင်ထဲကဝမ်းနည်းမှုအထုတ်ပိုး၏
လေးလံမှုကြောင့် သူစိမ်းတစ်ယောက်ရဲ့
ပခုံးစွန်းလေးရွဲသည်အထိ ငိုမိလေသည်။
ခံစားချက်များ လျှံထွက်ကာမျက်ရည်များဟာ အထိန်းအကွပ်မဲ့ကျဆင်းနေသည့်တိုင် သူဟာ ရှိုက်သံမထွက်အောင်အတင်း
ထိန်းချုပ်နေပါသော်လည်း မစွမ်းသာ။
အုပ်ထိန်းသူရှိတယ် မျှမ်းယက္ခသွေးက
တစ်ကောင်ကြွက်မဟုတ်ဘူး ဆိုတဲ့စကား
များက သူ့နားထဲတွင် ပဲ့တင်ထပ်နေ၏။

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now