သုမာန် လက်ထဲကဖုန်းကိုကြည့်ရင်း
သူမ၏ လက်ချောင်းများမှာ တဆတ်
ဆတ်နှင့်တုန်ရီလာသည်။ သူမ၏
ရင်ထဲမှာ ခံပြင်းမှုဟာ တဖြည်းဖြည်း
မျက်ဝန်းများတွင် ငွေ့ရည်ဖွဲ့လာသဖြင့် တောက်ခတ်ရင်း ဖုန်းကိုရှေ့က စားပွဲပေါ် သို့ပစ်တင်လိုက်သည်။ သူမ၏ ကျယ် လောင်သောတောက်ခတ်သံကြောင့် ပေါင်ပေါ်မှာအိပ်နေတဲ့သားငယ်က အနည်းငယ်
လူးလွန့်လာသည်။ ခေါင်းလေးကိုတဖွဖွပွတ်ရင်း အသာပွေ့ယူကာချီပြီး အခန်းထဲတွင်ပြန်သိပ်ရင်း သူမ ကိုယ်တိုင်လည်း အိပ်ပျော်ဖို့ကြိုးစားလိုက်သည်။သစ္စာ နဲ့ တာဝန်ကိုသိပ်မြတ်နိုးတဲ့
ရှင်က အခုဆို အိမ်ပြန်ချိန်တွေ
နောက်ကျတတ်နေပြီ။ မျှော်နေတတ်
တဲ့ သားကိုလျစ်လျှူရှုပြီး အချစ်
တွေနဲ့မဖွဲ့စည်းထားပေမယ့် နွေးထွေး
တဲ့ရင်တစ်စုံကလည်း အခုဆိုအေးစက်
နေပြီ။ အလုပ်မအားလည်း အချိန်
တစ်ခုပေးတတ်တဲ့ရှင်က အခုဆို
ဖုန်းလေးလှမ်းဆက်ရင်တောင်
မအားပါဘူးနဲ့တိုးနေခဲ့တယ်။
အော်...ကျွန်မ ယောက်ျားတအား
အလုပ်တွေများနေပါလား။အခန်းတံခါးဖွင့်သံကြောင့် သုမာန်၏ မျက်လုံးများဟာ စားပွဲပေါ်ရှိနာရီဆီသို့ ချက်ချင်းအကြည့်ရောက်သွားသည်။ ည(၁)နာရီခွဲ ဆိုတာ အိမ်ထောင်သည် ယောက်ျားတစ်ယောက် အိမ်ပြန်လာမယ့်အချိန်မဟုတ်ဘူးဆိုတာ ကုမ္ပဏီကြီးတစ်ခုကို ဦးစီးနေတဲ့ ဦးရွိုင်းနစ္စရန် မသိတဲ့
ကိစ္စတော့ မဟုတ်ဘူးမှတ်လား။သားငယ်ကို ငုံ့နမ်းနေသည့်ရွိုင်းက သူမကို မျက်လုံးလှန်ကြည့်လာသည်ကြောင့် ပြုံးပြလိုက်ပြီး...
"အိမ်ပြန်နောက်ကျတယ်နော်"
"ကိုယ်...ကိုယ် နောက်ကျသွားတယ်"
"အပြင်ကကိစ္စကို အပြင်မှာထားခဲ့
ရှင့် မှာ မိသားစုရှိတယ်။ အပြင်မှာ
ကြိုက်သလိုအပျော်ရှာခဲ့ အိမ်မှာ
မိသားစုဆိုတဲ့အရာ ရှိတယ်ဆိုတာ
သတိရပါစေပေါ့"သူမအပြောကြောင့်ရွိုင်းကချက်ခြင်း
မျက်မှောင်များစုကုတ်ကာ ကိုယ်ကိုမတ်လိုက်၏။ သုမာန်လည်းခနဲ့ပြုံးတစ်ခုကို မြင်သာအောင်ပြုံးရင်း...
ВЫ ЧИТАЕТЕ
Любовные романы(Unicode) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာန်သဒ္ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မှုမရှိဘဲ သူ့အနားမှာ တစ်သက်လုံး နေပါရစေ။ (Zawgyi) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာနျသဒ်ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မ...