ယူကျုံးမရ ဖြစ်မှုတွေရယ်
မျက်ရည်တွေရယ်
ဆေးလိပ်တိုတစ်လိပ်ရယ်
ဝီစကီတစ်ခွက်ရယ် ပြီးတော့
ခင်ဗျားရဲ့ပခုံးစွန်းလေးရယ်...
အင်း ဒီစာစုက ကျွန်တော့်မှာသည်းခြေ
မရှိကြောင်း သက်သေတွေပေါ့။ရင်ထဲကအပူများလျော့လိုလျော့ငြား
လေပူတစ်ချက်ကို ရှိုက်ထုတ်ရင်း
ကောင်းကင်ကို မော့ကြည့်လိုက်သည်။
လမိုက်ညဖြစ်တာကြောင့် ကြယ်မှုန်မွှားလေးတောင် မရှိတဲ့ ကောင်းကင်ကြီးဟာ သူ့ကိုအနည်းငယ်လေးတောင် နှစ်သိမ့်
ပေးချင်ပုံမရ။သိပ်ချစ်ချင်တဲ့ကောင် ခံပေအုံးလို့
တောင် အသံတိတ်ပြောနေသယောင်။
သူထိုင်နေရာ ဒန်းကို အားကုန်လွဲ
လိုက်ပြီး ဒန်းမှာသွယ်တန်းထားသည့်
သံကြိုးကို အားဖြင့်ဆုပ်ကိုင်ထား
မိသည်။ ဒါမှ ယဲ့ယဲ့လေးပဲရှိတဲ့သူ့ခန္ဓာက လေဟာနယ်ထဲ မလွင့်စင်သွားမှာလေ။ကောင်ကလေးတစ်ယောက်က ဒန်းကို
လွှဲစီးနေတဲ့ပုံရိပ်ဟာ ကဗျာဆန်စွာ
ငေးကြည့်လို့ကောင်းပေးမယ့်
လက်ထဲမှာဆွဲကိုင်ထားတဲ့ ဝီစကီ
ပုလင်း က အကျဥ်းတန်စွာရှိနေလေ
သည်။ မလိုက်ဖက်လိုက်တာ။
မျှမ်းယက္ခသွေး ဆိုတာ ဘဝကို
အချုပ်အနှောင် ကင်းကင်းနဲ့လွှတ်
လပ်ပေါ့ပါးစွာဖြတ်သန်းနေတဲ့
လူငယ်လေးတစ်ယောက်လေ။
အခုများတော့...။အကွယ်တစ်နေရာမှာရပ်နေတဲ့ နစ္စ က
ထိုမြင်ကွင်းကို မမြင်ရက်စွာအကြည့်တို့လွှဲလိုက်မိသည်။ မျှမ်း အနားကိုသွားဖို့
မရဲတာကြောင့် ခိုးကြောင်ခိုးဝှက်သာ
မဝံံ့မရဲရပ် ကြည့်နေရင်းမှ တစ်ခါကသူတို့နဲ့ ရန်ဖြစ်ဖူးသည့် သန့်နိုင်ဆိုသည့်
လူငယ်တစ်စုကို တွေ့လိုက်ရတာ
ကြောင့် စိုးရိမ်သွားရသည်။အကွယ်မှ ချက်ခြင်းထွက်ကာမျှမ်း
အနားသို့ အပြေးသွားပြီး တရှိန်ထိုး
လွှဲနေသည့် ဒန်းကိုရပ်တန့်လိုက်သည်။
မျှမ်းက ဆတ်ခနဲမျက်လုံးဖွင့်ကြည့်ပြီး
သူ့ကိုမြင်သည်နှင့် တောက်ခတ်ကာ
ထရပ်လာသည်။ နစ္စလည်းဘာမှ
တွေးမနေတော့ဘဲ မျှမ်းရဲ့လက်
ကောက်ဝတ်ကို ဆွဲကိိုင်ကာထိုနေရာ
မှ ပြေးထွက်လာခဲ့သည်။ မမသက်တို့ အအေးဆိုင်အရှေ့ရောက်တော့...
KAMU SEDANG MEMBACA
Romansa(Unicode) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာန်သဒ္ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မှုမရှိဘဲ သူ့အနားမှာ တစ်သက်လုံး နေပါရစေ။ (Zawgyi) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာနျသဒ်ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မ...