ညနေ သားငယ်၏ကျောင်းဆင်းချိန်အမှီ
နစ္စရောက်အောင်သွားပြီး ကျောင်းအရှေ့မှာ ကြိုရောက်နှင့်နေတဲ့သုမာန်အနားသို့သွားလိုက်သည်။"ဟော...ကိုရောက်ပြီလား"
ခေါင်းငြိမ့်ပြလိုက်တော့သုမာန်ကခပ်ပါးပါးပြုံးရင်း နေလည်စာ စားကောင်းရဲ့လားဟုမေးလာသည် ။ သုမာန်သူ့အတွက်ထမင်းချိုင့်ပို့ထားပေမယ့် အလုပ်များနေတာကြောင့်မစားဖြစ်ခဲ့ မျှမ်းကျွေးတဲ့ပဲနီပေါင်မုန့်တစ်လုံးသာ သူ့ဗိုက်ထဲရှိခဲ့ပါ၏။
သို့ပေမယ့်သူတို့နှစ်ယောက်ကို သိသာစွာအကဲခတ်နေကြသည့် အခြားသောကလေးမိဘများကြောင့် ညာပြောဖို့ကိုသာ
နစ္စရွေးချယ်လိုက်သည်။"ကောင်းတယ်မာန် ကိုယ်သေချာစားခဲ့တယ်"
နစ္စ၏ အဖြေကြောင့်သုမာန်ခပ်ဝံ့ဝံ့ပြုံးသည်။ပြီးနောက် နစ္စ ကိုမသိမသာမော့ကြည့်ကာ အကဲခတ်လိုက်တော့ မျက်ခုံးစွန်းမှာ ရှိမနေတော့တဲ့ plaster အပြင် ဆံစများကိုလှန်တင်ထားခြင်းမဟုတ်ဘဲ နဖူးထက်ချထားသည်ကြောင့် အနည်းငယ်ရှည်နေသောနစ္စရဲ့ဆံပင်များက မျကခုံးစွန်းမှဒဏ်ရာကိုအပြည့်အဝ ဖုံးကွယ်ပေးနေသည့်အတွက် သုမာန်ကျေနပ်ပြုံးတစ်ခုပြုံးလိုက်ပြန်၏။
ရွိုင်းကသားငယ်ရဲ့ကျောင်းအရှေ့မလာခင် ကြိုပြီးတော့ ပြင်ဆင်လားသားပဲ။
ရွိုင်းရဲ့မျက်ခုံးထက်မှာသာ plaster ရှိနေရင် ကျောင်းရှေ့ကစပ်စုတဲ့မိန်းမတစ်ချို့ရဲ့ အမေးမြန်းကိုခံရမည်ကို သူမစိုးရိမ်ခဲ့ပေမယ့် အခုတော့ စိတ်အေးရပြီ။ကလေးများတန်းစီလို့ အသီးသီးနှစ်ယောက်တစ်တွဲ ထွက်လာကြပြီဖြစ်တာကြောင့်သုမာန် က သူမရဲ့သားငယ်ကိုလှမ်းကြည့်သည်။ သားငယ်က အရပ်ရှည်သော သူ့အဖေကို အရင်တွေ့သွားသည်နှင့်
ပြေးလာသဖြင့် ပြုတ်ကျမှာစိုးရိမ်မိသော်
လည်း နစ္စ၏လက်ညိုးထောင်ပြကာမလုပ်
ရဘူးသဘောနှင့် ခေါင်းခါပြလိုက်ခြင်းကြောင့် မပြေးတော့ဘဲ ခပ်ငြိမ်ငြိမ်လေး အနားသို့ လျှောက်လာသည်။သုမာန် ကျေနပ်စွာပြုံးလိုက်ပြီး အနားရောက်လာသည်နှင့် သူ့အဖေ၏ ခြေထောက်ကိုဖက်နေသောသားငယ်လက်ထဲမှ ထမင်းချိုင့်ခြင်းလေးကိုလက်လွဲယူလိုက်သည်။
KAMU SEDANG MEMBACA
Romansa(Unicode) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာန်သဒ္ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မှုမရှိဘဲ သူ့အနားမှာ တစ်သက်လုံး နေပါရစေ။ (Zawgyi) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာနျသဒ်ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မ...