ယက္ခ လူသူကျဲပါးနေပြီဖြစ်တဲ့လမ်း
မကြီးဘေးရှိ ပလပ်ဖောင်းပေါ်တွင်ထိုင်ရင်း လကွယ်နေတာကြောင့်ကြယ်မှုန်
ကြယ်မွှားများနှင့်သိပ်မထွန်းလင်းတဲ့ ကောင်းကင်ကြီးကို မော့ကြည့်နေသည်။ လက်ကြားထဲမှာညှပ်ထားတဲ့ ဆေးစွဲနေတဲဆေးလိပ်ကတော့ ဖွာရှိုက်ခြင်းမခံရတာကြောင့် ပြာမှုန့်များအဖြစ်စုခဲကာ ကြွေ
ကျနေသည်။ ထိုအချင်းအရာကို သူကသတိမထားမိဟန် မိုးကောင်းကင်ကိုသာမော့ကြည့်နေလေသည်။ ထိုအရာမှမဟုတ်
သူ့ပတ်ဝန်းကျင်ရှိ မည်သည့်အရာကိုမှ
သူက သတိထားမိဟန်မရပေ။
နောက်မဆို ဒီလောက်အေးစက်မှုန်ရီ
နေတဲ့ ရာသီဥတုမှာ လမ်းမီးရောင်
ဖျော့ဖျော့သာရှိတဲ့ ဆေးရုံတစ်ခု၏
လမ်းဘေးပလပ်ဖောင်းပေါ် ဘယ်သူ
က တစ်ကိုယ်တည်းထိုင်နေမှာလဲ။ပင်လယ်သေလိုဖြစ်နေတဲ့ သူ့မျက်ဝန်း
တွေက မိုးကောင်းကင်ကိုသာ မျက်
တောင်မခတ်တမ်း မော့ကြည့်နေလို့
သာပေါ့။ မဟုတ်ရင် ဝမ်းနည်းခြင်းရဲ့
ပြယုဂ်ဖြစ်တဲ့ မျက်ရည်တွေက အလု
အယက်နဲ့ ခုန်ဆင်းလာကြတော့မှာ။မကုန်ခမ်းနိုင်တဲ့ရင်ထဲကဝမ်းနည်းမှု
တွေက အဲ့ဒီလူကြောင့်ပဲ။ အဲ့ဒီ့လူရဲ့
သူ့ကိုစိတ်ချစွာထားခဲ့နိုင်သလိုဖြစ်နေ
ခဲ့တဲ့ မျက်ဝန်းတွေက သူ့ကိူဝမ်းနည်း
အောင်လုပ်နေတာပဲ။ဦးနစ္စ သတိရလာပြီဆိုတဲ့စကားနဲ့အတူ ဆေးရုံခန်းရှေ့မှာရောက်ယှက်ခတ်နေတဲ့လူအများကြား သူကျောက်ရုပ်တစ်ရုပ်လိုရပ်နေခဲ့ပြီးမှ အကြောင်းမဲ့ပြေးထွက်လာခဲ့မိ၏။
အဲ့ဒီလူအသက်ရှင်သေးတယ်။ငါ့ဘဝ
ထဲပြန်ရောက်လာပြီဆိုတဲ့အသ်ိကြောင့်
နေညိုချိန်ထဲကနေ ချုံးပွဲချငိုလာ
လိုက်တာ အခုဆိုညဥ့်ဦးပိုင်းတောင်
ရောက်နေပြီလေ။ ကျစရာမျက်ရည်
တွေလည်းမရှိတော့ဘူး။
သို့သော် မကုန်ခမ်းနိုင်တဲ့ ဝမ်းနည်းမှု
ကတော့ ရင်ထဲမှာ ခိုအောင်းနေဆဲပင်။ဦးနစ္စ အိပ်ပျော်သွားတဲ့အချိန်မှာ
သူအသာချောင်းကြည့်နေခဲ့သည်ကို
မြင်တဲ့ရောင်လွင် က 'မင်းချစ်ရတဲ့
သတိရလာပြီလေ မင်းဘာကြောင့် ဝမ်းနည်းနေရသေးတာလဲ' ဟု မေးခဲ့
ခြင်းကို ယက္ခ က ပြန်လည်ကြားယောင်လာပြီး သက်ပြင်းတစ်ချက်ရှိုက်ချလိုက်သည်။
YOU ARE READING
Romance(Unicode) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာန်သဒ္ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မှုမရှိဘဲ သူ့အနားမှာ တစ်သက်လုံး နေပါရစေ။ (Zawgyi) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာနျသဒ်ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မ...