Part...22
4.6K 236 14
နေဝင်ချိန် ကောင်းကင်ညိုညိုကြီးအောက်
တွင် cigarette ဖွာရှိုက်နေသော ကောင်
လေးရဲ့ ပုံရိပ်ကို ခိုးယူရိုက်ထားတဲ့ပုံလေးမှာ နစ္စ၏ ဖုန်း screen ထက်တွင်ထင်းလို့
နေသည်။ နစ္စ လက်ညိုးဖြင့်ရွေ့ကာဖယ်ရှားလိုက်သော်လည်းမရ။သူ့ပေါင်ပေါ်မှာထိုင်နေတဲ့ သားက လက်ညိုးသေးသေးလေးဖြင့် screen ကိုထိကာ မျှမ်း၏ပုံကိုကြည့်နေသည်။ ဖုန်းထဲမှာ သူ ခိုးယူ ရိုက်ကူးထားတဲ့မျှမ်းရဲ့ ပုံတွေမနည်းပေမယ့် သားငယ်ကဒီပုံကိုသာစတွေ့ထဲက သဘောကျနေပုံရသည်။ ဖုန်းပေးကိုင်လိုက်တိုင်း အမြဲလိုလိုယူကြည့်တတ်၏။
"ကိုကို့ ကိုသဘောကျလို့လား "
"ဦးဦး က မိုက် "
"ဟား "
နစ္စ အသံထွက်ပြီးတောင်ရယ်သွေးလိုက်
မိသည်။ သားငယ် က မျှမ်းကို ဦးဦးတဲ့။
မျှမ်း များကြားလျှင်တော့ ဘယ်လောက်
တောင် ဒေါပွ နေလိုက်မလဲ ။
ဒေါပွနေမည့်မျှမ်းကိုမြင်ယောင်ကာ ပြုံးနေပေမယ့် သူ့အပြုံးများဟာကြာရှည်မခံလိုက်ပါ။ သားငယ်ရဲ့ဦးဦးဆိုတဲ့ ခေါ်သံကို မျှမ်းကကြားနိုင်မယ်တဲ့လား ။ သူဖွင့်ဟဝန်ခံခဲ့ရင်တောင် စိတ်ကြီးလွန်းတဲ့ကောင်ဆိုးလေးကလက်ခံပါ့မလား ။ ပစ်ပစ်ခါခါနဲ့ သူလိုလူလိမ်ကောင်ကို စွန့်ပစ်သွားမည်လား ။ မျှမ်းအချစ်ကိုရလို့ ပျော်နေရမယ့် အချိန်မှာ သူ့ရဲ့အမှန်တရားကိုဖုံးကွယ်ထားမိတယ်ဆိုတဲ့အသိဟာ သိသိသာသာကို နှိပ်စက်နေသည် ။
"လိမ္မော်ရောင်လေး "
"သားလည်း လိုချင်တယ်ဒယ်ဒီ "
နစ္စ၏လက်မကိုဆုပ်ကိုင်ပြီးလှုပ်ခတ်လို့ပြောလာသည့် သားငယ်ကြောင့်အတွေးစများကို ဖြတ်ပစ်ကာ screen ကိုကြည့်လိုက်တော့ မျှမ်း ရဲ့ပြူးကြောင်ကြောင်လေးကြည့်နေတဲ့ပုံလေးမှာ screen အပြည့်ပေါ်နေသည်။ မှတ်မှတ်ရရဒီပုံလေးက သူ ခိုးရိုက်နေတာကို မိသွားတဲ့ပုံလေး။
"လိုချင်တယ်လို့ "
"ဘာကိုလဲသားရဲ့ "
"ချပင်လေ ချပင် ဦးဦးရဲ့ချပင် "
မျှမ်းရဲ့ဆံပင်ကိုလက်ညိုးဖြင့် ထိုးပြပြီး
လက်တစ်ဖက်က သူ့ဆံပင်ကိုသူဆွဲပြ
နေတဲ့သားငယ်က ချစ်စရာကောင်းလွန်းနေတာကြောင့် ကလေး၏ကိုယ်ကိုဖိညစ်
ကာ ဖောင်းအိနေတဲ့ပါးပြင်ကိုလည်း နစ်ဝင်သွားအောင် နမ်းပစ်လိုက်သည်။