"Hello my beauty "
"Fucker ပဲ ဘဲကြီး "
"ဘယ်လိုတနှာရူးတွေလဲမသိဘူး မိန်းမနဲ့
ယောက်ျားတောင် မခွဲတတ်ဘူး"ပြောချင်ရာပြောပြီးထသွားတဲ့မိန်းကလေး ၏ နှုတ်ထွက်စကားနဲ့ ကြားလိုက်ရတဲ့အသံသြသြလေးကြောင့် နစ္စ လက်ထဲက
ရှန်ပိန်ခွက်မှာ အနည်းငယ် လျှောကျသွား
သည်။ လမ်းလျှောက်သွားသည့်ပုံစံကို
ကြည့်ရင်း နှုတ်ခမ်းလေးကော့ညွှတ်သွားရုံမျှ ပြုံးလိုက်မိသည်။ဘယ်လိုသတ္တဝါလေးလည်းကွာ။
ယက္ခကတော့ သူ့အားမိန်းကလေးအမှတ်နဲ့
လာမိတ်ဆက်နေတဲ့ လူကြီးအား ဆဲဆို
လိုက်ပြီး ထိုနေရာမှဘောက်ဆတ်ဆတ်နဲ့
ထွက်လာခဲ့သည်။ဘယ်လိုလူတွေလည်းမသိဘူး။
ပါတီတစ်ခုလုံးရှိယောက်ျားသားများ၏ အကြည့်တို့က သူ့ဆီရောက်နေတာကိုခံစားမိပါသည်။ မူမပျက် မိုးမြေတို့ကို ထိုင်စောင့်နေမိရာ my beauty လို့ အခေါ်ခံရခြင်းကြောင့် သူ့ရဲ့သီးခံနိုင်စွမ်းတွေမှာ ကြက်ပျောက်ငှက်ပျောက်။
မိုးမြေကိုသာ သူဟာ ယက္ခဖြစ်ကြောင်း
ဝန်ခံရန် သွားရှာမိစဉ် သူ့ဆီပြေးလာနေတဲ့
မိုးမြေကြောင့် ရောက်ရာအရပ်တွင်သာခြေစုံရပ်စောင့်နေလိုက်သည်။အနားရောက်သည်နှင့်သူ့အားပွေ့ဖက်လာ
တဲ့ မိုးမြေအား ပြန်လည်ပွေ့ဖက်လိုက်သည်။"ယက္ခ မင်းတို့ကွာ ငါ့ကိုနှပ်ချပြန်ပြီ"
"ဟားဟားဟား "
"မရဘူး မရဘူး ဒီကောင်မလေးကိုဖက်နမ်းရမှာ ကျေအေးပေးမယ် "
အတင်းနမ်းရန်ပြင်နေသည့်မိုးမြေလက်ထဲမှ ယက္ခ အသာလေးရုန်းထွက်လိုက်ပြီး
ဆန့်ကျင်ဘက်သို့ပြေးသွားသည်။မိန်းကလေးမဟုတ်ကြောင်းပြောကာထွက်
သွားသည့်သတ္တဝါလေးအား နစ္စ မျက်စိ
အောက်မှအပျောက်မခံနိုင်ဖြစ်ကာ လိုက်
ကြည့်မိစဉ် ကောင်လေးတစ်ယောက်နှင့်
ပွေ့ဖက်နေသည်ကြောင့် မျက်ခုံးတစ်ဖက်မှာမြင့်တက်သွားသည်။ တဖန်သူ့ရပ်ကြည့်နေရာဘက်သို့ ပြေးလာနေပုံမှာ မိန်းကလေးတစ်ယောက်၏ အငွေ့အသက်အနည်းငယ်တောင်မရ ။ လက်ထဲကရှန်ပိန်ခွက်ကိုချပြီး ပြေးလွှားနေတဲ့ပုံရိပ်လေးအနားရောက်လာသည်နှင့် ရှေ့တွင်ပိတ်ရပ်လိုက်သည်။
YOU ARE READING
Romance(Unicode) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာန်သဒ္ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မှုမရှိဘဲ သူ့အနားမှာ တစ်သက်လုံး နေပါရစေ။ (Zawgyi) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာနျသဒ်ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မ...