Part...11

5.8K 270 14
                                    

"ဟိတ်...လူကြီး "

ညနေပိုင်းမှောင်စပြု နေသည့်အချိန်ရောက်နေပြီဖြစ်တာကြောင့် ညဈေးတန်းတွင် လူများရှုပ်ယှက်ခတ်နေသည့်ကြားမှ ခေါင်းတစ်လုံးပိုမြင့်နေသည့် နစ္စ မှာဖုန်းပြောနေရင်းသူ့ကို ရှာနေသည်ကိုတွေ့ရ
သဖြင့် ပခုံးကိုပုတ်ကာခေါ်လိုက်တော့ဆတ်ခနဲလှည့်ကြည့်လာသည်။ သူ့ကိုတွေ့လိုက် သည်နှင့်ချင်ခြင်းပြုံးပြလာပြီး ဘာစကားမှ မဆိုဘဲစိုက်ကြည့်နေသည်
ကြောင့်နဖူးထက် head band မှတဆင့်
ကျနေသည့် ဆံစများကိုbအကြောင်းမဲ့သပ်တင်လိုက်သည်။

စကားစမလာတဲ့ လူကြီးကို သူကဘာစပြောရမှာလဲ။ခင်ဗျားဟာလေ လူကိုတွေ့တိုင်း တွေဝေစဉ်းစားမိအောင် သိပ်လုပ်တာပဲ။ အခုလည်း နေရခက်အောင်ကြည့်နေပြန်ပြီ။ အမြင်တွေကပ်လိုက်တာ။

"ခင်ဗျား ဘာလာလုပ်တာလဲ "

"မင်းကိုတွေ့ချင်လို့ "

ပြောပြန်ပြီအဲ့ဒီစကား။ဦးနစ္စကဘာဖြစ်ချင်နေတာလဲ။ အလုပ်ဆင်းချိန်ကွက်တိရောက်လာပုံက ထွေးထူးပြီးတွေးနေစရာ။
ကြိုသိနေတဲ့လူဖြစ်နေလို့​သာပေါ့ ။
ဘာရည်ရွယ်ချက်နဲ့ သူ့အနားကိုအမှတ်မထင်ရောက်လာသည်လဲ။ သူလိုအညတရကောင်နဲ ခင်မင်ရင်းနှီးချင်တယ်ဆိုတဲ့ရည်ရွယ်ချက်ရဲ့နောက်ကွယ်မှာဘာတွေများရှိနေမလဲ။

မူလအနည်းငယ် မှေးကျဉ်းသောမျက်ဝန်းများကို ပို၍မှေးကျဉ်းပြီး တရားခံတစ်ယောက်လို အကဲခတ်နေသည့် ကောင်ဆိုးလေး၏ပုံစံကြောင့် နစ္စမှာသဘောတကျနှင့် ခေါင်းမော့ကာ ပြုံးလိုက်သည်။

"တော်ပြီခင်ဗျားနဲ့ပြောနေလည်း အပိုပဲ
ဗိုက်ဆာနေပြီ သွားတော့မယ် "

"ကိုယ်လည်းလိုက်မယ် "

ဘေးချင်းကပ် အနေထားဖြစ်သွားသဖြင့်
ယက္ခ သူ့ဘေးက လူကြီးအားစောင်းငဲ့
ကြည့်လိုက်သည်။ သူ့ထပ်ခေါင်းတစ်လုံး
စာလောက်ကို မြင့်နေသည့်လူကြောင့်
မျက်လုံးအနည်းငယ် လှန်ကြည့်ရခြင်းကို
ဘဝင်မကျရိုးအမှန်။

"ခင်ဗျားကဗိုက်ဆာလို့လား "

"အင်း...ဗိုက်ဆာလို့ "

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Onde histórias criam vida. Descubra agora