နစ္စဆီမှ ဆက်လာသည့်ဖုန်း call end
သွားသည့်နှင့်သုမာန်သူ့ဘေးရှိ အမေဖြစ်သူဒေါ်သဒ္ဒါမြင့်မိုရ် ကိုကြည့်လိုက်တော့မေးငေါ့ပြကာ နစ္စ ဘာပြောသွားသည်လဲကို အသံတိတ်မေးမြန်းနေသည် ။"ရွိုင်း က သားမာန်ကို သမီးသွားကြိုလိုက်ပါတဲ့ သူအိမ်ပြန်နောက်ကျမယ်လှမ်းပြောတာ မေမေ "
"အေး...ကလေးတောင် မကြိုနိုင်လောက်
အောင် နင့်ယောက်ျားက အလုပ်ကြိုးစား
နေရှာတာပေါ့ ""ရွိုင်းကအလုပ်နဲ့ပတ်သတ်ရင် အဲ့လိုပါပဲ
မေမေရယ် ကလေးကျောင်းပို့ ကျောင်းကြိုကို သူက လုပ်ပေးရှာပါတယ် မာန်က
တစ်ခါတလေမှ လုပ်ရတာပါ "သမီးဖြစ်သူ၏အပြောကြောင့် ဒေါ်မြင့်
မိုရ် က ခပ်စစရယ်လိုက်ပြီး မျက်မှန်တပ်ကာ လက်ထဲက စာစောင်အားဖွင့်ဖတ်လိုက်သည်။"နင့်လင်က မိသားစုအတွက်အလုပ်ကြိုးစားတာထက် သူ့ရဲ့အရှိန်အဝါနဲ့အာဏာအတွက် အလုပ်ကြိုးစားနေတာကို မသိချင်ယောင်ဆောင်မထားနဲ့သမီး "
"ရွိုင်းကသမီးတို့ သားအမိအပေါ်မှာကောင်းရှာပါတယ် မေမေရယ် သမီးတို့ကသာ..."
"တော်စမ်း သုမာန်သဒ္ဒါ "
သုမာန်ဆက်ပြောမည့်စကားကို ဒေါ်မြင့်
မိုရ် ကြိုတင်သိနေ၍တားဆီးလိုက်၏။"ဘာလဲ သမီးတို့ကြောင့် သူကဒီလိုအေးစက်သွားတာပါ ပြောမလို့မှတ်လား အရင်ထဲက အဲ့ဒီမာန်တက်နေတဲ့အကောင်က ညည်း အပေါ်မှာ ဘယ်တုန်းကနွေးဖူးလို့လဲ"
ဒေါ်မြင့်မိုရ်၏ အပြောကြောင့်သုမာန်၏
ဒေါသမှာ ထောင်းခနဲထွက်လာသည် ။
အခုသူ့အမေ၏ ပြောစကားက သူမရဲ့မာန်မာနတွေကို ထိခိုက်စေသည့်အပြင်
သူ့မအပေါ် ယုံကြည်မှုမရှိကြောင်းအထင်းသားပေါ်နေ၏ ။"တော်ပါတော့ မေမေရယ် "
"အမေသာ သမီးကို နည်းနည်းလောက်
ယုံကြည်ခဲ့ရင် သမီးတို့မိသားစုကဒီလိုအေးစက်နေမှာမဟုတ်ဘူး မေမေဝင်နှောင့်ခဲ့လို့ ဒီလိုဘဝမျိုးသမီးရောက်နေရတာ ""ဟားဟား...ဟားဟား "
သုမာန်၏အပြောများကြောင့် ဒေါ်မြင့်မိုရ်
အော်ရယ်ပစ်သည်။
VOUS LISEZ
Roman d'amour(Unicode) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာန်သဒ္ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မှုမရှိဘဲ သူ့အနားမှာ တစ်သက်လုံး နေပါရစေ။ (Zawgyi) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာနျသဒ်ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မ...