Part...35

4.5K 209 18
                                    

ကွဲနေအောင် မူးနေတဲ့အချိန်မှာ
ရူးနေအောင် လွမ်းနေတဲ့အလွမ်းတွေကို နှလုံးသားရှိတယ်ဆိုရင် ကျေးဇူးပြု၍ စာနာပေးပါ။

ယက္ခ ၏ရောင်ကိုင်းမို့တက်နေသည့်
မျက်ခွံများကြောင့် နဂိုမှမှေးကျဉ်း
ကျဉ်း မျက်အိမ်လေးမှာ အခုတော့
ပွင့်တောင်မပွင့်တော့ပေ။
လက်ထဲမှာတော့ ရိုးရမပျက်စီးကရက်
တစ်လိပ်နဲ့ ဝီစကီ ပုလင်းမှာနေရာယူ
ထားမြဲ။ အချစ်တစ်ခုကြောင့် ရင်ကွဲ
နေတဲ့ ဝေဒနာအပြင် ခံပြင်းစိတ်များ
နှင့် လက်တုန့်ပြန်ချင်စိတ်များကြောင့်
သူမျက်နှာက အပြုံးမှာတော့ ခပ်မဲ့မဲ့။

"ဟားဟားဟား"

ယက္ခက တဟားဟားထရယ်တော့
ဝံရံတာဘက်သို့ မိုးမြေနဲ့ ရောင်လွင်က
ထွက်ကြည့်လာကြသည်။ ပြီးနောက်
ဝံရံတာ ကြွေပြားမှာ ပိုးလို့ပက်လက်
အိပ်နေတဲ့ ယက္ခကို ဆွဲထူသည်။
ရုပ်ပျက်ဆင်းပျက်ကြီး မူးနေခြင်း
မဟုတ်တာကြောင့် ယက္ခ က သူတို့
ဆွဲထူတော့ အသာတကြည်ထလာ
သည်။

"ရူးသွားပြီလား"

"ဆိုပါတော့"

နံရံတွင်ကျောမှီလျက် ဒူးတစ်ဖက်
ထောင် ထိုင်ပြီး စီးကရက်ကို ဖွာရှိုက်
ကာ ပြောလာသည့်လေသံကြောင့်
မိုးမြေ တို့ နှစ်ယောက်လုံးပြုံးလိုက်မိ
ကြသည်။

ဒီကောင် ပိုးဆိုးပက်စက်ကွဲနေချိန်မှာတောင် စောက်ရမ်းမိုက်ပါလားဆိုတဲ့ အတွေးကိုယ်စီနဲ့ပေါ့။

အော်ရယ်လို့ဝမှ မျက်လုံးစုံမှိတ်ရင်း
တပြုံးပြုံးလုပ်နေတဲ့ ယက္ခလက်ထဲမှ
ဝီစကီခွက်ကို​လုကာ မိုး​​မြေကအဝေးသို့
ပို့လိုက်သည်။

"ထပ်မသောက်နဲ့တော့ ဒီလိုထိုင်
သောက်ပြီး အေးဆေးကြွေကွဲနေဖို့
မင်းမှာ အချိန်မရှိဘူးနော် ယက္ခ"

"ဟုတ်တယ်...မင်းဘာဆက်လုပ်
မှာလဲ"

သူတို့အမေးကို ယက္ခက ပြန်မဖြေ
လာသေးဘဲ မျက်လုံးသာဖွင့်ကြည့်
လာပြီး ပြုံးနေလေသည်။

"ယက္ခ...မင်းဒီလိုနဲ့အချိန်ဆွဲမနေနဲ့ကွ"

"ငါသိတယ်"

"အချိန်က ဘယ်သူ့ရဲ့အလိုမှမလိုက်ဘူး
ဆိုတာ...ငါသိတယ်"

"ဒါဆို...မင်းဒီမှာ ဘာထိုင်လုပ်နေတာလဲ"

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now