Part...12

6.1K 286 11
                                    

နစ္စ အိမ်ပြန်ရောက်သည်နှင့် ဧည့်ခန်းတွင်
ခြေပေါ်ခြေချိတ်ထိုင်လျက် သူ့အားလှမ်း
ကြည့်နေသောသုမာန်ကိုတွေ့လိုက်ရသည်။ နှုတ်ဆက်ခြင်းအသိပေးခြင်းမျိုးက လုပ်နေကျ အလုပ်မဟုတ်တာကြောင့် အရင်နေ့များကလိုပင် သားငယ်လေးကိုသာ ဦးကြို၍ မေးလိုက်သည် ။

"သားရော အိပ်သွားပြီလားမာန် "

"အခုနကပဲ အိပ်သွားပြီ ကို က ဘယ်မှာ
အဝတ်လဲလိုက်တာလဲ "

မနက်ကဝတ်သွားသည့် အဝတ်များမဟုတ်တာကြောင့် သုမာန်မျက်မှောင်ကျုံ့ကာ ကြည့်ရင်းမေးသည်။

ရွိုင်း က ဒီလိုပေါ့ပေါ့ပါးပါး ဝတ်စားပြီးဘယ်များသွားတာလဲ။ မနက်ကလည်းရုံးသွားတော့လည်း သူထုတ်ပေးတဲ့ suit ကိုဝတ်သွားခြင်းမရှိခဲ့။ အိမ်ပြန်နောက်ကျလို့ဖုန်းဆက်တော့လည်း ဈေးတန်းထဲရောက်နေသည်သာပြောခဲ့၏။ ဈေးတန်းက ဘာဈေးတန်းလဲ ရွိုင်း ကရော ဘာသွားလုပ်တာလဲ။ အဓိက ကဘယ်သူနဲ့သွားတာလဲ။

"ရုံးခန်းမှာလဲတာ "

သူမအတွေးထဲမှာ မေးခွန်းများစွားနှင့်ပြည့်နှက်နေတုန်း ရုံးမှာလဲကြောင်းတစ်ခွန်းသာ ဖြေသွားပြီး အပေါ်ထပ်သို့တက်သွားသည့်နစ္စ အနောက် သုမာန် လိုက်ပါလာခဲ့သည်။

ရွိုင်း ရဲ့ ရုံးခန်းမှာရှိနေတဲ့ အဝတ်ဘီဒိုဟာ
လွန်ခဲ့တဲ့ငါးနှစ် သူမ မာနတွေရိုက်ချိုးခံရစဉ်ထဲက ရှိနေခဲ့သည်။ မုန်းလိုက်တာ ။
ပြန်တွေးမိတိုင်း တဆစ်ဆစ်နဲ့မုန်းစရာ
ကောင်းလိုက်တာ။ မင်္ဂလာဦးညမှာသူ့ကို
ရွဲ့ပြီး အလုပ်သမားများကို အဝတ်ဘီဒိုကြီးသယ်ခိုင်းပြီးထွက်သွားတဲ့ရွိုင်းရဲ့မျက်နှာကိုမြင်ယောင်မိတိုင်း သူမရဲ့
သွေးကြောမျှင်တစ်မျှင်စီတိုင်းကနေ ခံပြင်းစိတ်တို့ဝင်မိသည်။

အောက်နှုတ်ခမ်းကို ဖိကြိတ်မိသည်မှာ
ပေါက်ထွက်လုမတတ်။

အခန်းထဲဝင်သွားတဲ့ နစ္စကြောင့် သူ့စိတ်ကို
သူ ပုံမှန်တိုင်းဖြစ်အောင်ကြိုးစားကာ သူပါဝင်လာလိုက်သည်။ ရေချိုးရန်ပြင်နေသူအား မမှိတ်မသုန်စိုက်ကြည့်ရင်း...

"ဘယ်သွားတာလဲ ဈေးတန်းဆိုတာ
ဘယ်နေရာလဲ "

"မုန့်ဈေးတန်းသွားတာ "

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now