Part...45

4.6K 210 25
                                    

"သားဆီက ဘယ်အရာကိုမှ မမက်မော
တဲ့ လူသားတစ်​ယောက်ပါ"

သူ့ရဲ့အ​ဖြေ​ကြောင့် ခါးကိုမတ်ကာအာရုံ
ပိုစိုက်ပြီး နားထောင်လာတဲ့အဖေဖြစ်သူကြောင့် နစ္စ လည်းဆက်ပြောလိုက်သည်။
မျှမ်းက ဘယ်လိုလူသားလဲ။ သူ့အတွက် ဘယ်လောက်ထိများအရေးပါလဲ။
သူ့အပေါ်မှာဆို ဆိုးသယောင်နဲ့ အရွယ်
နဲ့မှမလိုက် ဘယ်လောက်ထိခွင့်လွှတ်နားလည်ပေးတတ်ကြောင်းတွေကို စာဖွဲ့ပြောပစ်လိုက်ချင်ပေမယ့် ဒယ်ဒီ အပေါ်
လေးစားမှု မရှိသလို ဖြစ်သွားမည်စိုး၍
စကားလုံးများကို ရင်ထဲမှာသာ
သိမ်းဆည်းလို့ ဖွက်ထားလိုက်ပြီး
တစ်ခွန်းမျှသာ ဆိုလိုက်သည်။

"သားပေးတဲ့အချစ်တွေကိုတောင်
မလိုဘူးဆိုပြီး တွန်းကန်တဲ့လူသားပါ"

"အခုတော့ သားအချစ်တွေကို နားလည်သွားတော့ သားအနားမှာရှိနေတယ်ပေါ့"

ဒယ်ဒီရဲ့အမေးတွင်သူ့အခြေအနေကို
လက်မခံနိုင်တာမျိုး ရှုံ့ချတာမျိုး
မပါဝင်နေတာကြောင့် နစ္စလည်း
နောက်ထပ်ဝန်ခံချက်တစ်ခုကို ပြော
လိုက်သည်။

"သားပြောနေတဲ့လူသားက
မိန်းကလေးတစ်ယောက်မဟုတ်ဘူး
ဒယ်ဒီ...သားချစ်နေတဲ့လူက သားနဲ့
မျိုးတူ ယောက်ျားတစ်ယောက်ပါ"

ဒယ်ဒီဘက်က သိနှင့်ပြီးလောက်ပြီ
ဖြစ်ကြောင်း ခန့်မှန်းမိပေမယ့်
နစ္စဘက်က ကိုယ်တိုင်ဝန်ခံစကားကို
ဆိုလိုက်သည်။

ဟုတ်တယ်လေ။ ချစ်မိပြီးမှတော့
ဘာတက်နိုင်တော့မှာလဲ။ ယောက်ျား
တစ်ယောက်ဖြစ်ပါလျက်နဲ့ ကိုယ်နဲ့
မျိုးတူတစ်ယောက်ကို ချစ်မိသွားမှ
တော့ ကိုယ့်ချစ်သူကို ချပြရဲတဲ့
သတ္တိလည်း ရှိရအုံးမှာပေါ့။

သူစကားကြားတော့ ဒယ်ဒီက
ခေါင်းတငြိမ့်ငြိမ့်လုပ်လို့ ခပ်ရေးရေး
ပြုံးလာသည်။

"အချစ်တစ်ခုရယ်လို့ ဖြစ်လာပြီဆိုရင် အဖိုအမသတ်မှတ်ဆိုတာ အရေးမကြီးတော့ပါဘူး သားရယ်
ဒယ်ဒီ ရဲ့ သူငယ်ချင်းအသိုင်းအဝိုင်း
တွေထဲမှာလည်း ဒီလိုတွေရှိကြတာ
မြင်ဖူးပါတယ်"

ပြောရင်းဒယ်ဒီက ထိုင်နေရမှာအနည်း
ငယ်ကြွကာ နစ္စ၏လက်မောင်းကို
ဖွဖွထိုးလာသည်။

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now